မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းမြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်းဦးဆောင်ညွှန်ကြားရေးမှူး မှာ ဦးမောင်မောင်ငြိမ်း ဖြစ်သည်။ ![]() သမိုင်းကြောင်းမြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်းသည် ပို့ဆောင်ရေးဝန်ကြီးဌာန လက်အောက်ခံ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ၏တစ်ခုတည်းသော နိုင်ငံတော်ပိုင်သင်္ဘောလိုင်း ဖြစ်သည်။ မြန်မာနိုင်ငံ၏ပို့ကုန်နှင့်သွင်းကုန် သယ်ယူပို့ဆောင်ရေးကဏ္ဍကို ဖြည့်ဆည်းရန်ရည်ရွယ်ချက်ဖြင့် ၁၉၅၉ ခုနှစ်မှစ၍တည်ထောင်ခဲ့သော သင်္ဘောလိုင်းဖြစ်သည်။ ဖွဲ့စည်းပုံရည်မှန်းချက်ဌာန၏ရည်မှန်းချက်ကုန်တင်ပို့သူနှင့်ခရီးသည်များ၏လိုအပ်ချက်ကို ဖြည့်ဆည်းရန် ကျွန်ုပ်တို့ အစွမ်းကုန် ကြိုးစားမည်။ ဌာန၏တာဝန်ပို့ဆောင်ရေးဝန်ကြီးဌာန လက်အောက်ရှိ နိုင်ငံပိုင် သင်္ဘောလိုင်းတစ်ခုဖြစ်သည့်အားလျော်စွာ ဝန်ဆောင်မှုအပြည့်အဝပေးနိုင်မည့် သယ်ယူပို့ဆောင်မှုဖြင့် ပြည်သူစိတ်ချမ်းသာမှု ဖော်ဆောင်ရမည်။ လုပ်ငန်းဆောင်ရွက်မှုများသင်္ဘောအင်အားနိုင်ငံခြားသွားသင်္ဘော
ကမ်းရိုးတန်းသွားသင်္ဘော
နိုင်ငံတကာနှင့်မြန်မာ့ကမ်းရိုးတန်းများသို့ ကုန်သယ်ယူပို့ဆောင်ရေး လုပ်ငန်း အဆင်ပြေချောမွေ့စေရေး အတွက် မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းမှ အောက်ပါခရီးစဉ်များ ပြေးဆွဲပို့ဆောင်ပေးလျက်ရှိသည်-
-တရုတ်၊ ဟောင်ကောင်၊ တောင်ကိုရီးယား၊ ဂျပန်
- စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ထိုင်း
- အိန္ဒိယ၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ် ကုန်သေတ္တာခရီးစဉ် - ရန်ကုန်နှင့်စင်္ကာပူကြား (သုံးရက်ခြားခရီးစဉ်)
- စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ၊ မြိတ်၊ ကော့သောင်း၊ ကိုကိုးကျွန်း ပင်လယ်ရေကြောင်းသယ်ယူပို့ ဆောင်ရေးလှုပ်ရှားမှုများတိုးတက်ပြောင်းလဲလာသည့်ကမ္ဘာ့သင်္ဘောလုပ်ငန်းနှင့်ရင်ဘောင်တန်းလိုက်နိုင်ရန် အစီအမံများ ချမှတ် ဆောင်ရွက်လျက်ရှိသည်။ ဆယ်စုနှစ်ပေါင်းများစွာ ပင်လယ် ရေကြောင်း သယ်ယူပို့ဆောင်ရေး အတွေ့အကြုံများဖြင့် အောက်ပါလုပ်ငန်းများကို အထောင်အထည်ဖော် ဆောင်ရွက်ပေးနေပါသည်။
နိုင်ငံတော်၏ စီးပွားရေးဖွံ့ ဖြိုးတိုးတက်စေရန်နှင့် ပြည်တွင်း လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်စေရန်မြန်မာ့ကြယ် ငါးပွင့် သင်္ဘောလုပ်ငန်းသည် ဓာတ်မြေဩဇာ၊ ဘိလပ်မြေ၊ ပဲမျိုးစုံ၊ သစ်နှင့် အခြားပို့ကုန်၊ သွင်းကုန်များကို သယ်ယူပို့ဆောင်ပေးလျက်ရှိသည်။
ခေတ်မီဖွံ့ ဖြိုးတိုးတက်လာသော ပင်လယ်ရေးကြောင်းသယ်ယူပို့ဆောင်ရေးစနစ်တစ်ခုဖြစ်သည့် ကွန်တိန်နာ သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းကို ရန်ကုန်နှင့် စင်္ကာပူကြားတစ်ပတ်လျှင် (၂)ကြိမ် သယ်ယူပို့ဆောင်ပေးလျက် ရှိသည်။
မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်းဖြင့် တင်ဆောင်လာသော ကုန်ပစ္စည်းများကို ရန်ကုန်ဆိပ်ကမ်းတွင်ကုန်တင်/ကုန်ချမှုလုပ်ငန်းမှန်ကန် မြန်ဆန်စေရန် ကိုယ်စားလှယ်လုပ်ငန်းဌာနတစ်ခု ဖွင့်လှစ်၍ ထိရောက် စွာဆောင်ရွက်လျက် ရှိသည်။ သာကေတဆိပ်ခံတံတားနယ်စပ်ဒေသများဖြစ်သော ရခိုင်ကမ်းရိုးတန်း၊ တနင်္သာရီကမ်းရိုးတန်းရှိ ဆိပ်ကမ်းမြို့ များဖြစ်သည့် စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ၊ ကိုကိုးကျွန်း၊ မြိတ်၊ ကော့သောင်းတို့ကို ခရီးသည်နှင့် ကုန်များသယ်ယူပို့ဆောင်နိုင်စေရန် အတွက် ဆိပ်ခံတံတားတစ်ခုကို သာကေတမြို့ နယ်ရှိ ပဲခူးမြစ်ကမ်းပေါ်တွင် တည်ဆောက်ထားပြီး လုပ်ငန်း ဆောင်ရွက်လျက် ရှိသည်။ ဆက်သွယ်ရန်http://www.mfsl-shipping.com 11 January 2016 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
132-136, Theinbyu Road, P.O. Box,1221,Yangon, Myanmar. Tel: ( 951 ) 295 279, 295 280, 295 281 Fax: ( 951 ) 297 669, 295 174 E-mail: mfslhq@mptmail.net.mm
Myanma Five Star Line C/o, Embassy of Union of Myanmar 19(A), Charles Street, London WIX 8ER, United Kingdom. Tel : 0044 171 4912919 Fax: 0044 171 6294169 e-mail : stareplondon@btopenworld.com
Myanma Five Star Line Nissin Corporation Eishin Building, 3rd Floor, 5 , Sanban-cho, Chiyoda-ku Tokyo 102, Japan Tel : 0081 332386379 Fax: 0081 332386378 e-mail : stareptokyo@excite.com
Myanma Five Star Line
BSA Transportation Pte Ltd.
10 Anson Road # 12-04
International Plaza, Singapore 079903
Tel : (65) 62275268
Fax: (65) 62278203
e-mail : bsat@pacific.net.sg
|
Portal di Ensiklopedia Dunia