မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန
မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန (အင်္ဂလိပ်: Department of Meteorology and Hydrology) သည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနလက်အောက်ရှိ ဌာနတစ်ခုဖြစ်သည်။ သမိုင်းကြောင်း"မြန်မာနိုင်ငံမိုးလေဝသဌာန" က၁၉၃၇ ခုနှစ် ဧပြီလ(၁)ရက်နေ့တွင် စတင်ဖွဲ့စည်း တည်ထောင်ခဲ့သည်။ မြန်မာနိုင်ငံသည် ၁၉၃၈ ခုနှစ် ဇန်နဝါရီလမှစတင်၍ အပြည်ပြည်ဆိုင်ရာ မိုးလေဝသအဖွဲ့၏ အဖွဲ့ဝင် နိုင်ငံဖြစ်ခဲ့သည်။ "မြန်မာနိုင်ငံမိုးလေဝသဌာန" ကို ၁၉၇၂ခုနှစ် အောက်တိုဘာလ(၂၃)ရက်နေ့ တွင် ပြင်ဆင် ဖွဲ့စည်းခဲ့ပြီး ၁၉၇၄ခုနှစ်တွင် "မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန"အဖြစ် ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။ ထိုစဉ်က မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနသည် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်တွင်ရှိခဲ့သည်။ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနသည် ပို့ ဆောင်ဆက်သွယ်ရေးဝန်ကြီး ဌာနမှ ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာနသို့ ၁၉၉၂ခုနှစ် ဖေဖော်ဝါရီလ (၃)ရက်နေ့တွင် ပြောင်းလဲရောက်ရှိခဲ့သည်။ ၁၉၉၉ခုနှစ်ဩဂုတ်လ(၂၀)ရက် တွင်မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနသည်ပို့ဆောင်ရေးဝန်ကြီးဌာနသို့ လွှဲပြောင်းရောက်ရှိခဲ့သည်။၂၀၁၆ ခုနှစ် ဧပြီလ (၁) ရက်နေ့မှစတင်၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန စီမံခန့်ခွဲမှုအောက်တွင် ရောက်ရှိခဲ့သည်။ [၁] ဖွဲ့ စည်းပုံရည်ရွယ်ချက်(၁) ဘဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ (၂) ကုန်း၊ ရေ၊ လေကြောင်းခရီး လုံခြုံသက်သာချောမွေ့ရေး၊ (၃) စားနပ်ရိက္ခာနှင့် စိုက်ပျိုးမှု ပိုမိုတိုးတက်ရေး၊ (၄) နိုင်ငံတော်စီမံကိန်းနှင့် လုပ်ငန်းများကို အထိရောက်ဆုံး အကျိုးပြုရေး၊ (၅) ပတ်ဝန်းကျင်ထိမ်းသိမ်းရေးနှင့်သယံဇာတပစ္စည်းများကာလကြာရှည်စွာထုတ်ယူအသုံးပြုရေး၊ (၆) မိုးလေဝသနှင့် ဇလဗေဒ နည်းပညာရပ်များတိုးတက်ရေးအတွက် သုတေသနပညာပေးနှင့် ်နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး။ ဝန်ဆောင်မှုများ
သင်တန်းပို့ချမှုများ
ရန်ကုန်တက္ကသိုလ်နှင့် ဒဂုံတက္ကသိုလ် တို့နှင့်ပူးပေါင်း၍ သိပ္ပံ(ဂုဏ်ထူး)ဘွဲ မိုးလေဝသ၊ သိပ္ပံ(ဂုဏ်ထူး)ဘွဲ့ ဇလဗေဒ များအတွက် မိုးလေဝသနှင့် ဇလဗေဒဘာသာရပ်များကို ၁၉၉၃-၉၄ ပညာသင်နှစ်မှစတင် ပို့ချပေးလျက်ရှိသည်။ ဆက်သွယ်ရန်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ကမ္ဘာအေးဘုရားလမ်း၊ မရမ်းကုန်း ၁၁၀၆၁ ရန်ကုန်မြို့။
အထက်မြန်မာပြည်ဌာနခွဲအထက်မြန်မာပြည်ဌာနခွဲ၏လုပ်ငန်းဆောင်ရွက်ချက်များ ၁။ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ အထက်မြန်မာပြည်ဌာနခွဲသည် ဖွဲ့စည်း ပုံအရ ညွှန်ကြားရေးမှူးမှ စီမံအုပ်ချုပ်ပြီး ဌာနခွဲလက်အောက်ခံ ပြည်နယ်နှင့် တိုင်းများမှာ အောက်ပါ အတိုင်းဖြစ်သည် - (က) ကချင်ပြည်နယ် (ခ) ချင်းပြည်နယ် (ဂ) ရှမ်းပြည်နယ် (ဃ) မန္တလေးတိုင်း (င) စစ်ကိုင်းတိုင်း ၂။ ဖော်ပြပါ ပြည်နယ်တိုင်းအသီးသီးရှိ ရုံး/စခန်းများအားလုံး၏ လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ၊ တိုင်းတာရေးဆိုင်ရာကိစ္စရပ်များ၊ ဝန်ထမ်းရေးရာကိစ္စရပ်များကို တာဝန်ယူ ဆောင်ရွက်ပေးခြင်း၊ ရုံးချုပ်သို့ တင်ပြခွင့်ပြုချက်ရယူဆောင်ရွက်ခြင်းများကို လုပ်ဆောင်ရသည်။ ဌာနခွဲလက်အောက်တွင် စီမံရေးရာ၊ ဘတ်ဂျက်နှင့်ငွေစာရင်း၊ မိုးလေဝသ၊ ဇလဗေဒ၊ စီမံကိန်း၊ မြေငလျင်စသည့် ဌာနစုများကို ဖွဲ့စည်းထားရှိလျက် လုပ်ငန်းများကို ဆောင်ရွက်ကြသည်။ အောက်မြန်မာပြည်ဌာနခွဲအောက်မြန်မာပြည်ဌာနခွဲ၏လုပ်ငန်းဆောင်ရွက်ချက်များ ၁။ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ အောက်မြန်မာပြည်ဌာနခွဲသည် ဖွဲ့စည်းပုံ အရ ညွှန်ကြားရေးမှူးမှ စီမံအုပ်ချုပ်ပြီး ဌာနခွဲလက်အောက်ခံ ပြည်နယ်နှင့် တိုင်းများ မှာ အောက်ပါ အတိုင်းဖြစ်သည် - (က) ကယားပြည်နယ် (ခ) ကရင်ပြည်နယ် (ဂ) မွန်ပြည်နယ် (ဃ) ရခိုင်ပြည်နယ် (င) မကွေးတိုင်း (စ) ရန်ကုန်တိုင်း (ဆ) ပဲခူးတိုင်း (ဇ) ဧရာဝတီတိုင်း (ဈ) တနင်္သာရီတိုင်း ၂။ ဖော်ပြပါ ပြည်နယ်တိုင်းအသီးသီးရှိ ရုံး/စခန်းများအားလုံး၏ လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ၊ တိုင်းတာရေးဆိုင်ရာကိစ္စရပ်များ၊ ဝန်ထမ်းရေးရာကိစ္စရပ်များကို တာဝန်ယူ ဆောင်ရွက်ပေးခြင်း၊ ရုံးချုပ်သို့ တင်ပြခွင့်ပြုချက်ရယူဆောင်ရွက်ခြင်းများကို လုပ်ဆောင်ရသည်။ ဌာနခွဲလက်အောက်တွင် စီမံရေးရာ၊ ဘတ်ဂျက်နှင့်ငွေစာရင်း၊ မိုးလေဝသ၊ ဇလဗေဒ၊ စီမံကိန်းစသည့် ဌာနစုများကို ဖွဲ့စည်းထားရှိလျက် လုပ်ငန်းများကို ဆောင်ရွက်ကြသည်။ သင်တန်းများပို့ချခြင်းမိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနသည် ဌာနတွင်းဝန်ထမ်းများ ဘာသာရပ်ဆိုင်ရာ နားလည်တတ်ကျွမ်းစေရန်နှင့် လုပ်ငန်းကျွမ်းကျင်မှုရှိစေရေးအတွက် မိုးလေဝသ၊ ဇလဗေဒ၊ မြေငလျင် စသည့် ဌာန၏ လုပ်ငန်းများနှင့်သက်ဆိုင်သည့် ဘာသာရပ်ရပ်ဆိုင်ရာ သင်တန်းများကို နှစ်စဉ် ဖွင့်လှစ်ပို့ချပေးလျက်ရှိသည်။ ထိုသို့ ပို့ချပေးရာတွင် မိုးလေဝသဘာသာရပ်အတွက် မိုးလေဝသအဆင့်(၁)၊ အဆင့်(၂)၊ အဆင့်(၃)၊ အဆင့်(၄) သင်တန်းများကိုလည်းကောင်း၊ ဇလဗေဒ ဘာသာရပ်အတွက် ဇလဗေဒအဆင့်(၁)၊ အဆင့်(၂)၊ အဆင့်(၃)၊ အဆင့်(၄) သင်တန်းများကို လည်းကောင်း၊ မြေငလျင်ဘာသာရပ်အတွက် မြေငလျင်လုပ်ငန်းခွင်သင်တန်းများကိုလည်းကောင်း ဖွင့်လှစ် ပို့ချပေးပါသည်။ ၁၉၉၃-၉၄ ပညာသင်နှစ်မှစတင်၍ ရန်ကုန်တက္ကသိုလ် ရူပဗေဒဌာနနှင့် သင်္ချာဌာနတို့နှင့် ပူးပေါင်းညှိနှိုင်းလျက် သိပ္ပံဘွဲ့(ဂုဏ်ထူးတန်း) မိုးလေဝသ နှင့် သိပ္ပံဘွဲ့(ဂုဏ်ထူးတန်း) ဇလဗေဒ သင်တန်းများကို ဌာနတွင် ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့သည်။ ထိုသို့ဖွင့်လှစ် ပို့ချပေးခြင်းဖြင့် မိုးလေဝသနှင့်ဇလဗေဒ ပညာရပ်ဆိုင်ရာ မျိုးဆက်သစ်များကို မွေးထုတ်နိုင်ခဲ့ရာ ဌာနအတွက် များစွာအကျိုးဖြစ်ထွန်းစေပြီး လုပ်ငန်းများ ပိုမိုတိုးတက်စေခဲ့သည်။ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနသည် ဌာနတွင်းသင်တန်းများ ဖွင့်လှစ်ပို့ချ ပေးသည့် နည်းတူ ပြင်ပဌာနများဖြစ်သော အောက်ဖော်ပြပါ ဌာန/သင်တန်းများတွင် ဘာသာရပ်ဆိုင်ရာ ပို့ချ ပေးခြင်းများကိုလည်း ဆောင်ရွက်ပေးပါသည် -
နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးမိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် လက်တွဲပူးပေါင်း ဆောင်ရွက်လျက် ရှိသည့် နိုင်ငံတကာအဖွဲ့အစည်းများမှာ အောက်ပါအတိုင်းဖြစ်သည် -
ဘက်စုံသဘာဝဘေးကြိုတင်သတိပေးစနစ်ထူထောင်ခြင်းမုန်တိုင်းတိုက်ခတ်ခြင်း၊ ရေကြီးခြင်း၊ မြေငလျင်တုန်လှုပ်ခြင်း၊ မုန်တိုင်းဒီရေဝင်ရောက်ခြင်း၊ ဆူနာမီလှိုင်း ဝင်ရောက်ခြင်း စသည့် သဘာဝဘေးများအတွက် ကြိုတင်သတိပေးခန့်မှန်းချက် များကို အချိန်မီထုတ်ပြန် ပေးနိုင်ရန်အတွက် ဘက်စုံ သဘာဝဘေးကြိုတင်သတိပေးဗဟိုဌာနကို နေပြည်တော်တွင် ထူထောင် ထားရှိသည်။ အဆိုပါ ဗဟိုဌာနတွင် တာဝန်ကျဝန်ထမ်းအဖွဲ့များ ဖွဲ့စည်းတာဝန်ပေးလျက် ၂၄ နာရီ အချိန်ပြည့် လုပ်ငန်းများ ဆောင်ရွက်ကြရသည်။ တာဝန်ကျ ဝန်ထမ်းများသည် ဖြစ်ပေါ်သည့် သဘာဝဘေးများအတွက် ညွှန်ကြားရေးမှူးချုပ်ထံ ချက်ခြင်း အစီရင်ခံတင်ပြ၍ ဝန်ကြီးဌာန၊ အထက်အာဏာပိုင်အဖွဲ့အစည်းများသို့ အချိန်နှင့်တစ်ပြေးညီ အစီရင်ခံတင်ပြခြင်း သက်ဆိုင်ရာ ဌာန/လုပ်ငန်းများ၊ ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများ၊ မြန်မာ့အသံ/ ရုပ်မြင်သံကြား တို့သို့ အချိန်မီပေးပို့ရောက်ရှိရေးကို ဆောင်ရွက်ကြရသည်။ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနသည် အမျိုးသားသဘာဝဘေး ကာကွယ် စောင့်ရှောက်ရေးကော်မတီ၏ လမ်းညွှန်မှုကို ခံယူလျက် ပို့ဆောင်ရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားလေ့ရှိသော သဘာဝဘေးအမျိုးမျိုးတို့အတွက် ကြိုတင်သတိပေးချက် များ၊ ခန့်မှန်းချက်/အခြေအနေသတင်းများကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးလျက်ရှိသည်။ သဘာဝဘေးကြိုတင်ကာကွယ်ရေးနှင့် လျော့ပါးစေရေးဆောင်ရွက်ရာတွင် သတိပေးချက်များ အချိန်မီထုတ်ပြန်နိုင်ရေးသည် အဓိကအရေးပါသည့်အတွက် ခန့်မှန်းချက်ထုတ်ပြန်သည့် ခေတ်မီ နည်းစနစ်များအသုံးပြုခြင်း၊ ဂြိုဟ်တုတိမ်ပုံဖမ်းစက်များတပ်ဆင်အသုံးပြုခြင်း၊ ခေတ်မီ တိုင်းတာ ရေးကိရိယာများ တိုးချဲ့တပ်ဆင်ခြင်း၊ အပြည်ပြည်ဆိုင်ရာအမျိုးသားမိုးလေဝသနှင့် ဇလဗေဒ ဌာန များနှင့် ဆက်သွယ်ဆောင်ရွက်လျက် ဒေသဆိုင်ရာ ခန့်မှန်းချက်များ လက်ခံရရှိခြင်း၊ ခန့်မှန်းရေး ဆိုင်ရာ သခင်င်္ချာပုံစံများဖြင့်တွက်ချက်ထုတ်ပြန်သည့်နည်းပညာများ သင်ယူလေ့လာအသုံးချခြင်းဖြင့် ဌာန၏လုပ်ငန်းများ တိုးတက်အောင်ဆောင်ရွက်လျက်ရှိသည်။ ထုတ်ပြန်သည့် ခန့်မှန်းချက်များ/ သတိပေးချက်များကို အစီရင်ခံတင်ပြခြင်း၊ သက်ဆိုင်ရာဒေသများသို့ အချိန်မီပေးပို့ရောက်ရှိစေ ခြင်း၊ ပြည်သူများသိရှိစေရန် ထုတ်လွှင့်ပေးခြင်းတို့သည်လည်း သဘာဝဘေးကြိုတင်ကာကွယ်ရေး နှင့် လျော့ပါးစေရေးအတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေရာ ဆက်သွယ်ရေးစနစ် ကောင်းမွန်စေရေးကို ဌာနအစီအစဉ်ဖြင့်လည်းကောင်း၊ သက်ဆိုင်ရာဌာနများနှင့် ဆက်သွယ်ညှိနှိုင်း ၍လည်းကောင်း ဆောင်ရွက်ထားရှိသည်။ သတိပေးချက်/ခန့်မှန်းချက်များကို အလိုအလျောက် ဖြေကြားသည့်စနစ်နှင့် သတင်းတိုဖြင့် ပေးပို့ခြင်းစနစ်တို့ကိုလည်း ဌာန အစီအစဉ်ဖြင့် ထူထောင် ထားရှိလျက် လုပ်ငန်းများ ဆောင်ရွက်ပါသည်။ ဆက်သွယ်ရန်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (နေပြည်တော်) ညွွှန်ကြားရေးမှူးချုပ် : +၉၅-၆၇-၄၁၁၀၃၁
ညွှန်ကြားရေးမှူး : +၉၅-၆၇-၄၁၁၄၂၂
ဒုတိယညွှန်ကြားရေးမှူး : +၉၅-၆၇-၄၁၁၀၃၂
ဘက်စုံသဘာဝဘေးကြိုတင်သတိပေးဗဟိုဌာန : +၉၅-၆၇-၄၁၁၂၅၁ (မိုးလေ၀သ)
အလိုအလျောက်ဖြေကြားစက် : +၉၅-၆၇-၄၁၁၂၅၂ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (ရန်ကုန်) ညွွှန်ကြားရေးမှူး :+၉၅-၀၁-၆၆၀၅၂၆ (အောက်မြန်မာပြည်) ဒုတိယညွှန်ကြားရေးမှူး :+၉၅-၀၁-၆၆၂၆၈၃ (ဇလဗေဒ) လက်ထောက်ညွှန်ကြားရေးမှူး :+၉၅-၀၁-၆၆၀၅၂၄ (အောက်မြန်မာပြည်) လက်ထောက်ညွှန်ကြားရေးမှူး :+၉၅-၀၁-၆၆၂၈၀၈ (စိုက်/မိုး) လက်ထောက်ညွှန်ကြားရေးမှူး :+၉၅-၀၁-၆၆၁၀၅၃/၆၆၀၈၂၆ (ကိရိယာနှင့်ဆက်သွယ်ရေး) ဦးစီးအရာရှိ :+၉၅-၀၁-၆၆၀၈၂၇ (စီမံ) ဦးစီးအရာရှိ :+၉၅-၀၁-၆၆၀၁၇၆ (မိုးလေ၀သ) ဦးစီးအရာရှိ :+၉၅-၀၁-၆၆၀၅၄၁ (ဇလဗေဒ) ဦးစီးအရာရှိ :+၉၅-၀၁-၆၆၃၅၁၄ (မြေငလျင်) အလိုအလျောက်ဖြေကြားစက် :+၉၅-၀၁-၆၆၇၇၆၆
ကိုးကား
|
Portal di Ensiklopedia Dunia