ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြန်မာ အစိုးရအဖွဲ့အစည်းအစိုးရအဖွဲ့အစည်း အကျဉ်းချုပ် ဖွဲ့စည်းသည့်အချိန်
၁ အောက်တိုဘာ ၁၉၇၂ (ရေလမ်းထိန်းသိမ်းရေးညွှန်ကြားမှုဦးစီးဌာန)
၉ ဧပြီ ၁၉၉၉ (ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ ဖြိုးတိုးတက်ရေး ရေးဦးစီးဌာန)
ယခင်အဖွဲ့အစည်း ရေလမ်းထိန်းသိမ်းရေးညွှန်ကြားမှုဦးစီးဌာန ဌာနချုပ် အမှတ် (၄၀၀)၊ အောက်ပုဇွန်တောင်လမ်းမကြီး၊ ညောင်တန်းနှင့်သီတာဆိပ်ကြား၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။[ ၁] ဝန်ကြီးများ ဗိုလ်ချုပ်ကြီး မြထွန်းဦး ဌာနအကြီးအမှူးများ ဦးစိုးမြင့်၊ ညွှန်ကြားရေးမှူးချုပ် မိခင်အဖွဲ့အစည်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဝက်ဘ်ဆိုက် dwir.gov.mm
ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (အင်္ဂလိပ် : Directorate of Water Resources and Improvement of River Systems. ) သည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ ဌာနတစ်ခုဖြစ်သည်။
သမိုင်းကြောင်း
၁၉၇၂ခုနှစ်၊ အောက်တိုဘာလ၁ရက်နေ့တွင် ရေလမ်းထိန်းသိမ်းရေးညွှန်ကြားမှုဦးစီးဌာနကို ပို့ ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန ၊ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနလက်အောက်ရှိသောင်တူးဌာန၊ မြစ်ကြောင်းရှင်းလင်းရေးဌာန တို့မှဝန်ထမ်းများနှင့် ဆိပ်ကမ်းကော်ပိုရေးရှင်းလက်အောက်ရှိ တိုင်းတာရေးဌာနမှ ဝန်ထမ်း အချို့ကိုစုစည်းပေါင်းစပ် ဖွဲ့စည်းခဲ့သည်။ ဖွဲ့စည်းချိန်တွင် အရာထမ်းအင်အား (၁၁၀)ဦး၊ အမှုထမ်းအင်အား (၄၄၁၁)ဦး၊ စုစုပေါင်းအင်အား (၄၅၂၁)ဦးဖြင့်ဖွဲ့စည်းခဲ့သည်။၁၉၉၅ခုနှစ်၊ မတ်လ(၃၁)ရက်နေ့တွင် ဆည်မြောင်း ဦးစီးဌာန လက်အောက်ရှိ တွံတေးတူးမြောင်း ကို လွဲပြောင်းလက်ခံခဲ့ရာ အရာထမ်းအင်အား (၁၁၀)ဦး၊ အမှုထမ်းအင်အား (၄၄၉၁)ဦး၊ စုစုပေါင်း အင်အား(၄၆၀၁)ဦးအထိ ရှိလာခဲ့သည်။၁၉၉၉ခုနှစ်၊ ဧပြီလ၉ရက်နေ့တွင် ဖွဲ့စည်းပုံအသစ် ပြင်ဆင်ရေးဆွဲပြီး "ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ ဖြိုးတိုးတက်ရေး ရေးဦးစီးဌာန"ဟုပြောင်းလဲ သတ်မှတ်ခဲ့သည်။[ ၂]
ဖွဲ့စည်းပုံ
ရေလမ်းထိန်းသိမ်းရေးဆိုင်ရာ သုတေသနနှင့်စီမံကိန်းဌာန
သုတေသနနှင့် ပုံစံပြဌာနခွဲ
စီမံကိန်းဌာနခွဲ
ရေလမ်းထိန်းသိမ်းရေးလုပ်ငန်းများဌာန (အထက်မြန်မာပြည်)
ရေကြောင်းတိုင်းတာရေးဌာနခွဲ
ရေဘက်ဆိုင်ရာမြို့ ပြအင်ဂျင်နီယာဌာနခွဲ
သောင်တူးဌာနခွဲ
ရေလမ်းညွှန်ဌာနခွဲ
ရေလမ်းထိန်းသိမ်းရေးလုပ်ငန်းများဌာန (အောက်မြန်မာပြည်)
ရေကြောင်းတိုင်းတာရေးဌာနခွဲ
ရေဘက်ဆိုင်ရာမြို့ ပြအင်ဂျင်နီယာဌာနခွဲ
သောင်တူးဌာနခွဲ
ရေလမ်းညွှန်ဌာနခွဲ
အုပ်ချုပ်ရေးဌာန
အုပ်ချုပ်ရေးဌာနခွဲ
ငွေစာရင်းဌာနခွဲ
ပစ္စည်းထိန်းဌာနခွဲ
ရေကြောင်းယန္တရားဌာန
ရေယာဉ်နှင့်ယန္တရားဌာနခွဲ
ရေယာဉ်ပြင်ဆင်ရေးဌာနခွဲ
ယန္တယားပြင်ဆင်ရေးဌာနခွဲ
ဒေသများ
ရန်ကုန်
ဧရာဝတီ
ပဲခူး
မကွေး
မန္တလေး
စစ်ကိုင်း
ရခိုင်
မွန်
တနင်္သာရီ
ကချင်
ကရင်
ရှမ်း
ဒေသခွဲများ
မအူပင်
ဟင်္သာတ
ပြည်
တောင်ငူ
အောင်လံ
ညောင်ဦး
ကသာ
ကလေးဝ
ဟုမ္မလင်း
မြိတ်
ဗန်းမော်
မူဆယ်
ရေကြောင်းတိုင်းတာရေးဌာနခွဲ
မြစ်ကြောင်းရေလမ်းတိုင်းတာပုံထုတ်ခြင်း
စီမံကိန်းဝင်မြစ်ကူးတံတားကြီးများ ရေလမ်းအခြေအနေတိုင်းတာစစ်ဆေးအကြံပြုခြင်း
စီမံကိန်းဝင်မြစ်ကူးတံတားကြီးများ တည်ဆောက်ရာတွင် ရေဘက်ဆိုင်ရာတိုင်းတာအကြံပြုခြင်း
ရေဘက်ဆိုင်ရာမြို့ ပြအင်ဂျင်နီယာဌာနခွဲ
မြစ်ကြောင်းများရေအနက်မြင့်မားလာစေရေးအတွက်ရေလမ်းထိန်းအဆောက်အအုံများတည် ဆောက်ခြင်း
မြို့ ရွာများရေတိုက်စားကမ်းပြိုမှုမှကာကွယ်ရေး လုပ်ငန်းဆောင်ရွက်ခြင်း
စီမံကိန်းဝင်မြစ်ကူးတံတားကြီးများရေရှည်တည်တံ့ ခိုင်မြဲရေးအတွက်တံတားရေလမ်းပြုပြင် ထိန်းသိမ်းပေးခြင်းနှင့် ကမ်းပါးထိန်း သိမ်းရေးလုပ်ငန်းဆောင်ရွက်ခြင်း
နယ်စပ်မြစ်များတွင် ကမ်းပြိုကမ်းစားမှုများမှ ကာကွယ်ထိန်းသိမ်းပေးခြင်း
မြစ်ရေအားစိုက်ပျိုးရေအဖြစ်တစ်ဆယ့်နှစ်ရာသီအသုံးချနိုင်စေရေးအတွက် မြစ်ရေတင်စက် ရေလမ်းများ ကောင်း မွန်ရေးဆောင်ရွက်ပေးခြင်း
သောင်တူးဌာနခွဲ
ရေကြောင်းကြပ်တည်းသည့်နေရာများတွင် သောင်တူးဖော်ပေးခြင်း
ရေလမ်းကြောင်းကောင်းမွန်ရေးနှင့် မြို့ရွာများ
ရေစားကမ်းပြိုမှှုမှ ကာကွယ်ရေးအတွက် မြစ်ကွေ့များဖြတ်ဖေါက်ခြင်း
မြစ်ရေတင်စက်ရေရရှိရေးအတွက် ရေခေါ်တူးမြောင်းဖေါက်လုပ်ပေးခြင်း
ရေလမ်းကြောင်းသစ်ရှာဖွေဖေါက်လုပ်ခြင်း
ရေလမ်းညွှန်ဌာနခွဲ
ရေယာဉ်များအတွက် ရေလမ်းညွှန်အမှတ်အသားများပြသပေးခြင်း
ရေလမ်းသတိပေးချက်နှင့်ရေကြောင်းသတင်းများအား အခါအားလျော်စွာ ထုတ်ပြန်ပေးခြင်း
ရေပေါ်ရေအောက်အန္တရာယ်တံစုန်းများ နှုတ်ယူဖယ်ရှားခြင်း
စီမံကိန်းဝင်တံတားကြီးများအဝင်ရေလမ်းများအား ရာသီ အလိုက် ီပြောင်းလဲသတ်မှတ်နိုင်ရေးအတွက် မျက်ခြေမပြတ် ကြပ်မတ်ဆောင်ရွက်ပေးခြင်း
တွံတေးတူးမြောင်းရေကြောင်းသွား လာမှုထိန်းသိမ်းကွပ်ကဲပေးခြင်းရေလမ်းထိန်းသိမ်းရေးဆိုင်ရာသုတေသနနှင့်စီမံကိန်းဌာန
ရေလမ်းထိန်းသိမ်းရေးလုပ်ငန်းအထောက်အကူပြုအချက်အလက်များစုဆောင်းပြုစုခြင်း
မြစ်ကြောင်းတလျောက်အနည်းဆုံးရရှိနိုင်မည့် ရေအနက်ခန့်မှန်းတွက်ချက်ခြင်း
မြစ်ကြောင်းထိန်းသိမ်းရေးလုပ်ငန်းစီမံကိန်းများ သုတေသနပြုရေးဆွဲခြင်း
ရေထုထည် အရေအတွက် ပြောင်းလဲမှုကြောင့်လည်းကောင်း၊ ရေအရည်အသွေး ပြောင်းလဲမှုကြောင့် လည်းကောင်း ပေါ်ပေါက်လာမည့် ပတ်ဝန်းကျင်ထိခိုက်မှုအား လေ့လာခြင်း
နှစ်အလိုက်၊ လအလိုက်၊ ရက်အလိုက် ရေမျက်နှာပြင်အတက်အကျသမိုင်းကြောင်းမှတ်တမ်း ဇယား (Hydrographic envelope) ထုတ်လုပ်ခြင်း[ ၃]
ရည်မှန်းချက်များ
လုပ်ငန်းတာဝန်ကြီး(၈)ရပ်
မြစ်များရေလမ်းကြောင်းကောင်းမွန်ပြီး၊ မြို့ ဆိပ်ကမ်းများမပြောင်းရွှေ့ရဘဲ တစ်ဆယ့်နှစ်ရာသီ အသုံးပြုနိုင်စေရန်
မြို့ များရေတိုက်စားကမ်းပြိုမှုမှကာကွယ်ရန်
မြို့ များအလိုက်စိုးရိမ်ရေမှတ်များသတ်မှတ်ရာတွင် မှန်ကန်မှုရှိစေရန်အတွက် ပေါင်းစပ်ဆောင်ရွက်ရန်
မြစ်ရေအားသောက်သုံးရေအဖြစ်လည်းကောင်း၊ စိုက်ပျိုးရေအဖြစ်လည်းကောင်း တစ်ဆယ့်နှစ်ရာသီ အသုံးချ နိုင်စေရန်အတွက် ညှိနှိုင်းဆောင်ရွက်ရန်
နယ်စပ်မြစ်များတွင် ကမ်းပြိုကမ်းစားမှုများမှ ကာကွယ်တားဆီးရန်
စီမံကိန်းဝင်မြစ်ကူးတံတားကြီးများရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် စစ်ဆေးတင်ပြရန်
ရေထုညစ်ညမ်းမှု မပေါ်ပေါက်စေရေးအတွက်စည်းကမ်းသတ်မှတ်ကွပ်ကဲရန်
မြစ်ကြောင်းများရေအနက်မြင့်မားလာစေရေးနှင့် ရေယာဉ်များဝန်တင်အလေးချိန် တိုးတက်တင်ဆောင်သွားလာနိုင်စေရန်
ကိုးကား
အုပ်ချုပ်ရေး
In government ပြည်ပရောက် အစိုးရအဖွဲ့
ဥပဒေပြုရေး
In government ပြည်ပရောက် အစိုးရအဖွဲ့
တရားစီရင်ရေး ဝန်ကြီးဌာနများ အဖွဲ့အစည်းများ ကော်မရှင်များ ဥပဒေစိုးမိုးရေး
ဦးစီးဌာနနှင့် လုပ်ငန်းဌာန ကျောင်းများ ထင်ရှားသောလေဆိပ်များ ထင်ရှားသောသင်္ဘောကျင်းများ ထင်ရှားသောမိုးလေဝသစခန်းများ