မြန်မာ့ဆိပ်ကမ်းအာဏာပိုင်
မြန်မာ့ဆိပ်ကမ်း အာဏာပိုင် (အင်္ဂလိပ်: Myanma Port Authority ) သည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနလက်အောက်ရှိ အဖွဲ့အစည်းတစ်ခုဖြစ်သည်။ နောက်ခံသမိုင်း![]() မြန်မာ့ဆိပ်ကမ်း အာဏာပိုင်သည် ပင်လယ်ကူး သင်္ဘောကြီးများ ဆိပ်ကမ်းသို့ ဝင်ထွက် ဆိုက်ကပ်နိုင်ရေးနှင့် ကုန်တင်ကုန်ချ လုပ်ငန်းများကို မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေး တို့အတွက် ဝန်ဆောင်မှု ပေးသော ဌာနတစ်ခု ဖြစ်သည်။ ရန်ကုန်မြို့သည် ၁၈ရာစု အလယ် အထိ ဒဂုံဟု အမည်တွင်ခဲ့ပြီး တံငါသည် ရွာငယ်ကလေးသာ ဖြစ်ခဲ့ကာ ဆိပ်ကမ်းမြို့ အဖြစ်မတည်ရှိသေးဘဲ သန်လျင်၊ ပုသိမ်၊ မုတ္တမနှင့် ပဲခူးမြို့များကိုသာ ဆိပ်ကမ်းမြို့များ အဖြစ် အသုံးများခဲ့သည်။ ၁၇၅၅ ခုနှစ်တွင် အလောင်းဘုရားမင်းသည် ဧရာဝတီမြစ်တလျှောက်ရှိ ဒေသများကို သိမ်းပိုက်ရာမှ ဒဂုံသို့ ရောက်ရှိခဲ့ပြီး၊ ရန်ကုန်မြို့ဟု ခေါ်တွင်စေကာ ပင်မဆိပ်ကမ်းမြို့ အဖြစ် စတင် တည်ထောင်ခဲ့သည်။
ဖွဲ့စည်းပုံ
ရည်မှန်းချက်မြန်မာနိုင်ငံရှိ ပင်လယ်ဆိပ်ကမ်းအသီးသီးသို့ ကုန်များ သယ်ဆောင်ရန်အတွက် ဝင် ̸ ထွက်သွားလာသည့် သင်္ဘောများ အားတိုတောင်းသော အချိန်ကာလအတွင်း ကုန်ချခြင်း၊ ကုန်တင် ခြင်း၊ တစ်ဆင့်လွှဲပြောင်းကုန်များကို လက်ခံပေးပို့ ခြင်းများ ပြုလုပ် ပြီး လျင်မြန်စွာ ပြန်လည်ထွက်ခွာနိုင်စေရန် လိုအပ်သော ဝန်ဆောင်မှုလုပ်ငန်းများကို လုပ်ဆောင်ပေးခြင်းဖြင့် တိုင်းပြည် အတွက် ဘဏ္ဍာငွေများကို ရှာဖွေပေးရန် ဖြစ်သည်။ ရန်ကုန်ဆိပ်ကမ်းရန်ကုန်ဆိပ်ကမ်းသည် မြန်မာနိုင်ငံ၏အဓိကဆိပ်ကမ်းဖြစ်ပြီး သွင်းကုန်၊ ပို့ကုန် အားလုံး၏ ၉၀ ရာခိုင်နှုန်း အား ကိုင်တွယ်ဆောင်ရွက်ပေးနေသော ဆိပ်ကမ်းဖြစ်သည်။ ရန်ကုန်မြစ်ဝနှင့်ချဉ်းကပ်ရေလမ်းကြောင်းရန်ကုန်ဆိပ်ကမ်းသည် ရန်ကုန်မြစ်ပေါ်တွင် ရှိပြီး မြောက်လတ္တီတွဒ် ၁၆ ဒီဂရီ ၄၇ မိနစ်နှင့် အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၁၅ မိနစ်တွင် တည်ရှိပြီး မုတ္တမပင်လယ်ကွေ့ အပြင်စည်းခုံရေလမ်းကြောင်းမှ ကုန်းတွင်းပိုင်းသို့ ၃၂ ကီလိုမီတာ ကွာဝေးသည်။ ရန်ကုန် ဆိပ်ကမ်းသို့ ကုန်တန်ချိန် ၂၀၀ နှင့် အထက်ရှိသော ရေယာဉ်များ ဝင်ရောက်ပါက ရေကြောင်းပြအား မယူမဖြစ် တောင်းခံရယူဝင်ရောက်ရမည် ဖြစ်သည်။ ယေဘူယျအားဖြင့် ရေတက်ရေပြည့်ချိန်တွင် အတွင်းစည်းခုံနှင့် အပြင်စည်းခုံတို့အား ဖြတ်သန်း ဝင်ရောက်ရသည်။ ဒီရေအတက်အကျပျှမ်းမျှဒီရေအတက်အကျသည် ရေထရက်တွင် ခန့်မှန်း ၁၉.၃ပေ (၅.၈၅)မီတာနှင့် ရေသေရက်တွင် ၈.၄ ပေ (၂.၅၅)မီတာ ရှိသည်။ ၎င်းမှာ ရန်ကုန်မြစ်၏ အခြေခံရေစစ်မျဉ်း သတ်မှတ်ချက်ဖြစ်သည်။ အခြေခံရေစစ်မျဉ်းအတိုင်းမှတ်တိုင်သည် ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်း ဆိပ်ကမ်းရုံးအနီးတွင် တည်ရှိသည်။ ရေစီးနှုန်းရန်ကုန်မြစ်၏ ရေထရက် ရေစီးနှုန်းသည် ရေမိုင် ၄ မိုင်မှ ၆ မိုင်နှုန်း ရှိသည်။ ရေတက်ချိန်မှ ၁ နာရီ ၁၅ မိနစ်ခန့် အကြာတွင် ရေတက်ရေ စတင်စီးဆင်းပြီး ရေကျချိန်မှ မိနစ် ၃၀ ခန့် အကြာတွင် ရေကျရေ စတင် စီးဆင်းသည်။ လှိုင်းများရန်ကုန်မြစ်အတွင်းရှိ ရေလှိုင်းများသည် ရေကြောင်းဝန်ဆောင်မှုလုပ်ငန်းများအား အနှောင့်အယှက်မပေးနိုင်ပါ။ မြစ်ဝရှိလှိုင်းများအခြေအနေသည် လှိုင်းအမြင့် ၂ မီတာ ထက်နည်းသော လှိုင်းများသာ ဖြစ်ပေါ်လေ့ရှိသည်။ သင်္ဘောအရွယ်အစားရန်ကုန်ဆိပ်ကမ်းသို့ ရေယာဉ်အလျား ၁၆၇ မီတာ၊ ရေစူး ၉ မီတာ ကုန်တန်ချိန် ၁၅၀၀၀ တင်ဆောင်သော သင်္ဘောများ ဝင်နိုင်ထွက်နိုင်ပြီး သီလဝါဆိပ်ကမ်းသို့ ရေယာဉ်အလျားမီတာ ၂၀၀၊ ရေစူး ၉ မီတာနှင့် ကုန်တန်ချိန် ၂၀၀၀၀ ရှိသော သင်္ဘောများ ဝင် ̸ ထွက်နိုင်သည်။ အလုပ်ချိန်နေ့ဂိုဏ်း အလုပ်ချိန်သည် ၀၈:၀၀ နာရီမှ ၁၆:၀၀ နာရီအထိလည်းကောင်း၊ ညဂိုဏ်းအလုပ်ချိန်သည် ၂၀:၀၀ နာရီမှ ၀၄:၀၀ နာရီအထိလည်းကောင်း ပုံမှန်ဆောင်ရွက်ပေးနေသည်။ အချိန်ပိုလုပ်ကိုင်ရန် လိုအပ်ပါက အလုပ်ချိန် ကာလ အတွင်း ကြိုတင်တောင်းခံနိုင်သည်။ ISPS Code ၏ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု အခြေအနေမြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ဆိပ်ကမ်းလုံခြုံရေးနှင့် ပတ်သက်၍ ၁-၇-၀၄ နေ့မှစပြီး ၂၀၀၂ ခုနှစ် အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ ချုပ်၏ ချမှတ်ထားသော ISPS Code အရ ဆောင်ရွက်လျက် ရှိသည်။ ဆိပ်ကမ်းဝန်ဆောင်မှုလုပ်ငန်းများ
မြန်မာနိုင်ငံရှိဆိပ်ကမ်းများ
ရန်ကုန်ဆိပ်ကမ်းရှိဆိပ်ခံတံတားများဗိုလ်အောင်ကျော်တံတား အမှတ်(၃)မြန်မာ့ဆိပ်ကမ်းအာဏာပိုင်
ဗိုလ်တထောင်အမှတ်(၂)ကုန်းတွင်းကုန်သေတ္တာစခန်းမြန်မာ့ဆိပ်ကမ်းအာဏာပိုင်
ဗိုလ်တထောင်အမှတ်(၁)ကုန်းတွင်းကုန်သေတ္တာစခန်းမြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် Allied Container Services Singapore (ဖက်စပ်လုပ်ငန်း)
MITT တံတားများနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပုဂ္ဂလိကတံတားများ
MIPL တံတားများနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပုဂ္ဂလိကတံတားများ
မြန်မာ့စက်မှုဆိပ်ကမ်းတံတားနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ပုဂ္ဂလိကတံတားများ
အလုံတံတားအမှတ်(၁) ၊ (၂) နှင့် (၃)နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ပုဂ္ဂလိကတံတားများ အမှတ်(၁) အလုံဆိပ်ခံတံတား
အမှတ်(၂) အလုံဆိပ်ခံတံတား
အမှတ်(၃) အလုံဆိပ်ခံတံတား
နိုင်ငံတကာဆက်သွယ်ဆောင်ရွက်မှုမြန်မာ့ဆိပ်ကမ်း အာဏာပိုင်သည် International Association of Ports & Habours (IAPH) အဖွဲ့ဝင်အဖြစ် ၁၉၅၇ ခုနှစ်တွင် ဝင်ရောက်ခဲ့သည်။ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်သည် ASEAN Port Association အဖွဲ့ သို့ ၂၀၀၅ခုနှစ် မေလ ၂၅ရက်တွင် ဝင်ရောက် ခဲ့သည်။ ဓာတ်ပုံများ
အကိုးအကား
ပြင်ပဆက်သွယ်ရေး |
Portal di Ensiklopedia Dunia