မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်
မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ်(အင်္ဂလိပ်: Myanmar Mercantile Marine College)သည် ရေကြောင်းနှင့် ရေကြောင်းအင်ဂျင်နီယာ ကဏ္ဍနှစ်မျိုးစလုံးနှင့် သက်ဆိုင်သော သင်တန်းများကို ပို့ချပေးနေသည့် တစ်ခုတည်းသော နိုင်ငံပိုင်အဖွဲ့အစည်းဖြစ်သည်။ ပင်လယ်ရေကြောင်းအမှုထမ်းများအား နိုင်ငံပိုင်နှင့် နိုင်ငံခြားကုမ္ပဏီပိုင် ရေယာဉ်များတွင် အမှုထမ်းနိုင်သည့်နိုင်ငံတကာ အသိအမှတ်ပြု ရေကြောင်းဘက်ဆိုင်ရာကျွမ်းကျင်သူများ ဖြစ်လာစေရေး လေ့ကျင့်ပေးရန် ရည်ရွယ်၍ ဖွင့်လှစ်ထားခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ်တွင် အခြေခံသင်္ဘောသားမှ ရေယာဉ်မှူး၊ ပထမရေကြောင်းအင်ဂျင်နီယာအဆင့်တိုင်အောင် သက်ဆိုင်ရာပညာရပ်များကို သင်ကြားပို့ချပေးလျက်ရှိသည်။ သမိုင်းကြောင်းကာကွယ်ရေး ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနတို့ ပူးပေါင်း၍၊ ကုန်သွယ်ရေကြောင်းနှင့် အင်ဂျင်နီယာအရာရှိလောင်း သင်တန်းများကို ဆိပ်ကြီးရေတပ်လေ့ကျင့်ရေးကျောင်းတွင် ၁၉၆၃ ခုနှစ်မှ စတင်၍ ဖွင့်လှစ်ခဲ့သည်။ ကုန်သွယ်ရေကြောင်း(အမှုထမ်း)များအတွက် ရှေ့ပြေးအစီအစဉ်များကို ရေးဆွဲပြီး ၁၉၇၁ ခုနှစ် အောက်တိုဘာ ၁ရက် တွင် ကုန်သွယ်ရေကြောင်းလေ့ကျင့်ရေးကျောင်းကို တည်ထောင်ခဲ့သည်။ ထို့နောက် ၁၉၇၂ခုနှစ် မတ်လ ၁၅ရက်တွင် ရေကြောင်းပညာသိပ္ပံကျောင်း အမည်ဖြင့် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနအောက်တွင် ဖွဲ့စည်းခဲ့သည်။ ရေကြောင်းပညာသိပ္ပံ၏ တိုးချဲ့ဖွဲ့စည်းပုံအား ထောက်ခံခဲ့သည့် ၂၀၀၅ ခုနှစ် ဇန်နဝါရီလ ၁၃ရက် တွင်ကျင်းပသော နိုင်ငံတော်အစိုးရအဖွဲ့ အစည်းအဝေး(၂/၂၀၀၅) ၏ဆုံးဖြတ်ချက်အား နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ အတည်ပြုခဲ့သည်။ Lloyd's Register Quality Assurance (LRQA) မှ သတ်မှတ်ထားသော အရည်အသွေး စီမံခန့်ခွဲမှု စံချိန်စံညွှန်းနှင့် ကိုက်ညီသဖြင့် ၂၀၁၀ ခုနှစ် ဇူလိုင်လ (၆) ရက်နေ့တွင် (LRQA) ကပေးအပ်သော နိုင်ငံတကာ အဆင့်အရည်အသွေး စီမံခန့်ခွဲမှု စံချိန်မီအသိအမှတ်ပြုလက်မှတ် (ISO) 9001:2008 Certification ကို ရရှိခဲ့သည်။ ရေကြောင်းနှင့် ရေကြောင်းအင်ဂျင်နီယာပညာရပ်များကို စာတွေ့လက်တွေ့အပြင် သရုပ်ပြလေ့ကျင့်မှုများနှင့် ပေါင်းစပ်ပြီး သင်ကြား လေ့ကျင့်ပေးနိုင်ခဲ့သဖြင့် ၂၀၀၉ ခုနှစ် မတ်လ (၂၅) ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရအဖွဲ့အစည်းအဝေး ဆုံးဖြတ်ချက်အရ ရေကြောင်းပညာသိပ္ပံမှ မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ် အဆင့်သို့ အဆင့်မြှင့် ဖွင့်လှစ်ခဲ့သည်။ [၂][၃] ဖွဲ့စည်းပုံမြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်၏ ဖွဲ့စည်းပုံမှာ အောက်ပါအတိုင်း ဖြစ်သည်။ [၄]
သင်တန်းများမြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ်တွင် ဖွင့်ထားသောသင်တန်းများကို အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ချုပ်၏ ပညာရေးနှင့် လေ့ကျင့်ရေးဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီရေးအတွက် သက်ဆိုင်ရာကဏ္ဍများကို သီးခြားလေ့ကျင့်ခြင်းသာမက၊ စနစ်ကျပြီး စည်းကမ်းရှိသည့် တာဝန်ကျေပွန်သော ရေကြောင်းဘက် ဆိုင်ရာအမှုထမ်းများ ဖြစ်လာစေရန်ပါ ရည်ရွယ်၍ ပုံစံထုတ်ရေးဆွဲထားသည်။ မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ်တွင် ဖွင့်လှစ်သင်ကြားပေးနေသော သင်တန်းများမှာ အောက်ပါအတိုင်းဖြစ်သည်။[၅]
ဆက်စပ်ဖတ်ရှုရန်အကိုးအကား
|
Portal di Ensiklopedia Dunia