မြန်မာ့ခရီးသွားဘဏ်
![]() မြန်မာ့ခရီးသွားဘဏ် (အင်္ဂလိပ်: Myanma Tourism Bank; အတိုကောက် MTB)သည် မြန်မာနိုင်ငံရှိ ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်ပြီး ခရီးသွားလုပ်ငန်းများနှင့် ဆက်စပ်နေသည့် ဘဏ်တစ်ခုဖြစ်သည်။[၁] ဘဏ်ရုံးချုပ်ကို ရန်ကုန်မြို့ ၊ ပြည်လမ်းမကြီးပေါ်ရှိ စိုက်ပျိုးရေးမှတ်တိုင်အနီးတွင် ဖွင့်လှစ်ထားသည်။[၂] ၂၀၂၂ စက်တင်ဘာလနောက်ဆုံးစာရင်းများအရ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မူဆယ်နှင့် မြဝတီ စသည့်မြို့များတွင် စုစုပေါင်းဘဏ်ခွဲ ၁၂ ခုဖြင့် ဘဏ်လုပ်ငန်းများဆောင်ရွက်နေသည်။[၃][၄] ဘဏ်သမိုင်းကြောင်းမြန်မာ့ခရီးသွားဘဏ်သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ၂၀၁၈ တွင် ဘဏ်လုပ်ငန်းလိုင်စင်ကို ရရှိခဲ့သည်။ ဘဏ်ရုံးချုပ်ကို ၂၀၁၉ ခုနှစ် မေလ ၆ ရက်နေ့က ရန်ကုန်တွင် ဖွင့်လှစ်ခဲ့သည်။ ခရီးသွားလုပ်ငန်းများနှင့်ဆက်စပ်နေသည့် ဘဏ်ဖြစ်သည့်အလျောက် မြန်မာနိုင်ငံ၏ခရီးသွားကဏ္ဍအား ချေးငွေများ အဓိကထား ထုတ်ပေးသည်။[၅][၆] ယင်းအပြင် အခြားသောစီးပွားရေးကဏ္ဏများကိုပါ ငွေကြေးအရကူညီထောက်ပံ့မှုလည်း ဆောင်ရွက်သည်။ ကိုးကား
|
Portal di Ensiklopedia Dunia