ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်
![]() ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံ အဆောက်အအုံဖွံ့ဖြိုးရေး ဘဏ်[၁] (အင်္ဂလိပ်: Construction, Housing and Infrastructure Development Bank; အတိုကောက် CHID Bank)သည် မြန်မာနိုင်ငံ ဆောက်လုပ်ရေးဝန်ကြီးဌာန ၏ ကြီးကြပ်မှုအောက်တွင်ရှိသော ဘဏ်တစ်ခုဖြစ်သည်။ ဝန်ကြီးဌာန၏ မတည်ရင်းနှီးငွေပါ ထည့်ဝင်ထားသော ဘဏ်လည်းဖြစ်သည်။ ဘဏ်ရုံးချုပ်အားအမှတ်(၆၀)၊ရွှေတိဂုံဘုရားလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားသည်။ ဘဏ်သမိုင်းကြောင်းအဆိုပါဘဏ်သည် ဆောက်လုပ်ရေးဝန်ကြီးဌာန ၏ ကြီးကြပ်မှုအောက်တွင်ရှိကာ ကုမ္ပဏီမှတ်ပုံတင်အမှတ် (၅၇၀/၂၀၁၃-၂၀၁၄) ကို အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်း၍ ၂၀၁၃ ခုနှစ် မေလ ၈ ရက်နေ့ ရက်စွဲဖြင့် လက်ခံရယူသည်။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် အများပိုင် ကုမ္ပဏီ လီမိတက်အဖြစ် စတင် တည်ထောင်ခြင်းဖြင့် ဘဏ်လုပ်ငန်းဆောင်ရွက်သည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံ အဆောက်အအုံဖွံ့ဖြိုးရေးဘဏ်အား ရင်းနှီးမြှုပ်နှံမှု သို့မဟုတ် ဖွံ့ဖြိုးရေးဘဏ်လုပ်ငန်းအဖြစ် လုပ်ကိုင်ရန် ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့ ရက်စွဲဖြင့် ဘဏ်လုပ်ငန်းလိုင်စင်ချထားပေးခြင်း၊ ၂၀၁၄ ခုနှစ် ဇွန်လ ၁၁ ရက် နေ့တွင် ကူးသန်းရောင်းဝယ်ရေးဘဏ် လုပ်ငန်းလိုင်စင်ကို ထုတ်ပေးခဲ့သည်။ ၂၀၁၆ ခုနှစ် ငွေရေးကြေးရေး အဖွဲ့အစည်းဥပဒေ ပုဒ်မ ၁၇၆ အရ အထက်ဖော်ပြပါ လိုင်စင်များကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်ထံ အပ်နှံခဲ့သည်။ ၂၀၁၆ ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေ ပုဒ်မ ၁၁ အရ ကူးသန်းရောင်းဝယ်ရေး ဘဏ်လုပ်ငန်း လိုင်စင်အသစ် ကို ဗဟိုဘဏ်မှ ထုတ်ပေးခဲ့သည်။၂၀၁၆ ခုနှစ် ဩဂုတ်လ ၁၈ ရက်၊ မြန်မာ့စီးပွားရေး မူဝါဒအရ အိမ်ရာကဏ္ဍသာမက လျှပ်စစ်ဓာတ်အား၊ လမ်းတံတားနှင့် လူမှုအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဘဏ်မှ ငွေကြေးပံ့ပိုးကူညီရန် ထည့်သွင်းထားသောကြောင့် မူရင်းအမည် CHD Bank အစား ၂၀၁၈ခုနှစ် ဇွန်လ ၁၇ရက်တွင် CHID Bank ဟု အမည်ပြောင်းခဲ့သည်။[၂]တန်ဖိုးသင့်၊ တန်ဖိုးနည်း အိမ်ရာအခန်းများကို နှစ်ရှည်အိမ်ရာချေးငွေဖြင့် ဝယ်ယူသူများအတွက် ချေးငွေများထုတ်ချေးပေးခြင်းအပါအဝင် ဘဏ်လုပ်ငန်းများအား ဆောင်ရွက်သည်။[၃] [၄] ဘဏ်ခွဲများ၂၀၂၂ ခုနှစ် နိုဝင်ဘာလကုန်စာရင်းများအရ နေပြည်တော်၊မန္တလေးတိုင်း၊မွန်ပြည်နယ်၊ဧရာဝတီတိုင်း၊မကွေတိုင်းတို့တွင် ဘဏ်ခွဲပေါင်း (၉) ခုဖွင့်လှစ်ထားသည်။ ကိုးကား
|
Portal di Ensiklopedia Dunia