မြန်မာ့ရှေ့ဆောင်ဘဏ်
![]() မြန်မာ့ရှေ့ဆောင်ဘဏ်သည် ၂၀၁၀ ခုနှစ် ဩဂုတ်လတွင် နိုင်ငံတော်မှ ခွင့်ပြုပေးခဲ့သော ပုဂ္ဂလိကဘဏ် (၄)ခု အနက်မှ တစ်ခုဖြစ်သည်။ ပိုင်ဆိုင်သူမှာ ထင်ရှားသော မြန်မာ့စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးချစ်ခိုင်ဖြစ်ပြီးဧဒင်ဂရု စီးပွားရေးလုပ်ငန်းကို ပိုင်ဆိုင်သူဖြစ်သည်။ နေပြည်တော်ရုံးချုပ်မှာ အမှတ် (၁၀)၊ အဆင့်မြင့်ဈေး၊ ရာဇသင်္ဂဟလမ်း၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်တွင် တည်ရှိသည်။ ၂၀၂၂ခုနှစ် ဧပြီလအထိ နောက်ဆုံးထုတ်ပြန်ချက်များအရ တစ်နိုင်ငံလုံးတွင် မြန်မာ့ရှေ့ဆောင်ဘဏ်သည် ဘဏ်ခွဲပေါင်း (၁၀၄)ခုအထိ ရှိလာခဲ့သည်။[၂] ၂၀၂၂ ခုနှစ် ဧပြီလ (၂၅ )ရက်နေ့တွင် ဘဏ်ဥက္ကဋ္ဌဖြစ်သူ ဦးချစ်ခိုင် အား ဘဏ်လုပ်ငန်းနှင့်မပတ်သတ်သော အခြားသောကိစ္စဖြင့် စစ်ကောင်စီက ထိန်းသိမ်းခဲ့ပြီးနောက်[၃] ၂၀၂၂ခုနှစ် ဧပြီလ(၂၇)ရက်တွင် ဘဏ်ဥက္ကဋ္ဌ အသစ် ပြောင်းလဲသွားပြီဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ဖော်ပြောဆိုခဲ့သည်။[၄] မြန်မာ့ရှေ့ဆောင်ဘဏ်၏ ဘဏ်ဥက္ကဋ္ဌအသစ်ဖြစ်သူမှာ ဦးချစ်ခိုင်၏ ဇနီးဖြစ်သူ ဒေါ်ခင်စိုးဝေဖြစ်သည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က မြန်မာ့ရှေ့ဆောင်ဘဏ် ဥက္ကဋ္ဌ အပြောင်းအလဲသည် ဘဏ်လုပ်ငန်းအတွက် စိုးရိမ်စရာမရှိသော အပြောင်းအလဲဟု ပြောဆိုခဲ့သည်။[၅] ကိုးကား
|
Portal di Ensiklopedia Dunia