မြန်မာ့ အနုပညာ
မြန်မာ့အနုပညာဆိုသည်မှာ မြန်မာတို့ ဖန်တီးထားသော အနုပညာလက်ရာများကို ဆိုလိုသည်။ အနုပညာဟုဆိုရာ၌ ဘုရား၊ ကျောင်း၊ ကန်၊ တိုက်တာအဆောက်အဦးများရှိ လက်မှုအတတ်ပညာများ၊ ပန်းချီ၊ ပန်းပု၊ စာပေဂီတ၊ အက စသည့် အနုပညာများလည်း ပါဝင်သည်။ ၁၄၀၀ စီအီးကပင် အနုပညာရှင်များက မြန်မာ့ယဉ်ကျေးမှုကို ထင်ဟပ်စေမည့် ပန်းချီ၊ ပန်းပုလက်ရာများကို ဖန်တီးခဲ့ကြသည်။[၁] မြန်မာ့အနုပညာများသည် ဗုဒ္ဓဘာသာ အမှတ်အသားများဟုဆိုနိုင်သည့် မုဒြာ၊ ဇာတက စသည်တို့ကို များစွာ ဖန်တီးထားသည်။ ထို့အပြင် ဟိန္ဒူ၊ စကြဝဠာဆိုင်ရာ၊ နတ် စသည်တို့ကို အခြေခံသော အနုပညာများစွာလည်း ရှိသည်။[၂] ဗုဒ္ဓရုပ်ပွားတော်များမှာ ခေတ်အလိုက်ကွဲပြားမှုများရှိသည်။[၃] မြန်မာ့အနုပညာတွင် အရေးပါလှသော ပန်း(၁၀)မျိုးအတတ်ပညာ ရှိပေသည်။ကြီးသောအိမ် [၄] ၎င်းတို့မှာ -
ဟူ၍ ဖြစ်သည်။ နောက်ထပ်အားဖြင့် ရက်ကန်းယက်ခြင်း၊ အိုးလုပ်ခြင်း၊ ရွှေချည်ထိုးခြင်း၊ ကျောက်သွေးခြင်း၊ ရွှေပြားခတ်ခြင်း စသည်တို့မှာလည်း တန်ဖိုးရှိလှသော အနုပညာအမွေများ ဖြစ်သည်။ အဆောက်အဦး၊ ဘုရား၊ ကျောင်း၊ကန်များတွင် အုတ်နှင့်အင်္ဂတေကို အဓိကသုံး၍ ဘုရားများကို ရွှေချထားသည်။ ဘုန်းကြီးကျောင်းအများစုကို သစ်သားများဖြင့် ဆောက်လုပ်သည်။ အချို့ဘုန်းကြီးကျောင်းများ (ဥပမာ-မန္တလေးမြို့ရှိ ယောမင်းကြီးအုတ်ကျောင်း)မှာ အခြားပစ္စည်းများပါ ပါဝင်ဆောက်လုပ်သည်။ အများဆုံးတွေ့နိုင်သော အမိုးမှာ ပြာသာဒ်ဖြစ်သည်။ ![]() ![]() ![]() စာပေစာပေတွင် ဗုဒ္ဓဘာသာ၏ လွှမ်းမိုးမှုများစွာရှိသည်။ အကအကတွင် ဒေသအကနှင့် နတ်အကစသည်ဖြင့်ခွဲခြားနိုင်သည်။[၅] ဂီတ![]() အမျိုးမျိုးသော တူရိယာအခင်းအကျင်းများဖြင့် ဂီတများကိုဖန်တီးကြသည်။ ပတ္တလား၊ စောင်း၊ ဆိုင်းဝိုင်း စသည့်တူရိယာများမှာ ထင်ရှားလှသည်။ ကိုးကား
|
Portal di Ensiklopedia Dunia