မြန်မာနိုင်ငံ၏ ဘာသာစကားများ![]() မြန်မာနိုင်ငံတွင် ပြောဆိုအသုံးပြုနေသည့် ဘာသာစကားများမှာ ၁၀၀ ခန့်ရှိသည်။[၁] မြန်မာဘာသာစကား ကို လူဦးရေ၏ သုံးပုံနှစ်ပုံခန့် ပြောဆိုအသုံးပြုကြပြီး ရုံးသုံးဘာသာစကားလည်းဖြစ်သည်။[၂] တိုင်းရင်းသား လူမျိုးစုများ ပြောဆိုအသုံးပြုသည့် ဘာသာစကားများကို အုပ်စုကြီးငါးခု အနေဖြင့် ခွဲခြားနိုင်သည်။ ယင်းတို့မှာ တရုတ်-တိဗက် (Sino-Tibetan)၊ မွန်-ခမာ (Austroasiatic)၊ တိုင်း-ကဒိုင် (Tai–Kadai)၊ အင်ဒို-ဥရောပ (Indo-European) နှင့် ဩစတြိုနီးရှန်း (Austronesian) တို့ဖြစ်ကြပြီး[၃] သင်္ကေတ ဘာသာစကား ကိုလည်း အသုံးပြုသည်။[၄] မြန်မာဘာသာစကားမြန်မာဘာသာစကားသည် ဗမာလူမျိုးများနှင့် ဆက်စပ်လူမျိုးခွဲတို့၏ ဒေသခံစကားဖြစ်သည်။ မြန်မာဘာသာစကားကို လူဦးရေ ၃၆သန်းခန့်က ပင်ကိုဘာသာစကားအဖြစ် အသုံးပြုနေကြသည်။ အခြားလူဦးရေ ၁၀ သန်းခန့်သည် မြန်မာဘာသာစကားကို ဒုတိယဘာသာစကားအဖြစ် အသုံးပြုသည်။ မြန်မာဘာသာစကားသည် တရုတ်-တိဗက်နွယ် ဘာသာစကားများတွင် ပါဝင်ပြီး တိဗက်-ဗမာနွယ် ဘာသာစကားများ (Tibeto-Burman) ၏ အခွဲဖြစ်သော Burmish ဘာသာစကားအုပ်စုတွင် ပါဝင်သည်။ တိဗက်-ဗမာနွယ်စကားအုပ်စုတွင် မြန်မာဘာသာသည် အကျယ်ပြန့်ဆုံး ပြောဆိုသုံးနှုန်းသည့် စကားဖြစ်ကာ တရုတ်-တိဗက် ဘာသာစကားများတွင် ဒုတိယအကျယ်ပြန့်ဆုံး ပြောဆိုသည့် ဘာသာစကား ဖြစ်သည်။[၅] မြန်မာဘာသာသည် တရုတ်-တိဗက် ဘာသာစကားများတွင် စတုတ္ထမြောက် အရေးအသားစနစ်ကို ဖွံ့ဖြိုးသည့် ဘာသာဖြစ်သည်။ မြန်မာစာများတွင်ပါဠိစကားလုံးများကိုထည့်သွင်းအသုံးပြုကြပေသည်။[၅] တိုင်းရင်းသား ဘာသာစကားများမြန်မာဘာသာစကားနှင့် မြန်မာဒေသိယစကားများ အပြင်၊ ရှမ်းဘာသာစကား (၃.၂ သန်း ပြောဆို)၊ ကရင်ဘာသာစကား (၂.၆ သန်း ပြောဆို)၊ ဂျိန်းဖောဘာသာစကား (၉၀၀,၀၀၀ ခန့်ပြောဆို)၊ အမျိုးမျိုးသော ချင်းဘာသာစကား (၇၈၀,၀၀၀ ပြောဆို) နှင့် မွန်ဘာသာစကား (မွန်-ခမာ၊၁.၁ သန်း ခန့်ပြောဆို) အပါအဝင် အခြားဘာသာစကား တစ်ရာခန့်ရှိသည်။[၁][၃] ထိုဘာသာစကားအများစုသည် မြန်မာအက္ခရာကို အသုံးပြုကြသည်။ မြန်မာ သင်္ကေတဘာသာစကားသည် တစ်မျိုး သို့မဟုတ် နှစ်မျိုးရှိသည်ဆိုသည်မှာ တိတိကျကျ မသိရပေ။ အင်္ဂလိပ်ဘာသာစကားယနေ့အချိန်တွင် မြန်မာဘာသာစကားသည် ပင်မဘာသာစကားဖြစ်ပြီး၊ အင်္ဂလိပ်ဘာသာစကားကို ဒုတိယဘာသာစကား အနေဖြင့် ပြောဆို အသုံးပြုနေကြသည်။[၆] ၁၉ ရာစုနှောင်းပိုင်း မှ ၁၉၆၄ ခုနှစ်အထိ အဆင့်မြင့်ပညာရေးစနစ်တွင် အင်္ဂလိပ်ဘာသာစကားသည် ပင်မဘာသာစကား ဖြစ်ခဲ့သည်။[၇]
အောက်ခြေမှတ်စု
ကျမ်းကိုး စာစုစာရင်း
ပြင်ပလင့်ခ်များ |
Portal di Ensiklopedia Dunia