သိန်းဆွေ
ဦးသိန်းဆွေ သည် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးဟောင်းဖြစ်သည်။ ၂၀၁၁ခုနှစ်မတိုင်မီက တပ်မတော်အစိုးရတွင် ပို့ဆောင်ရေးဝန်ကြီး အဖြစ်လည်း လုပ်ကိုင်ခဲ့သည်။[၆] ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့တွင် တပ်မတော်မှ အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ဝန်ကြီးတာဝန်မှ အနားပေးခံခဲ့ရသည်။ ငယ်ဘဝနှင့် ပညာရေးဦးသိန်းဆွေကို ၁၉၄၉ခုနှစ် ဩဂုတ်လ ၄ရက်နေ့တွင် မွေးဖွားခဲ့သည်။ ၁၉၆၇ခုနှစ်မှ ၁၉၇၁ခုနှစ်အထိ စစ်တက္ကသိုလ်တွင် တက်ရောက်ခဲ့သည်။ စစ်တက္ကသိုလ်မှ B.Sc (DSA) ဘွဲ့၊ Honorary Academic Doctorate(Japan International Marine Science & Technology Federation-JIMSTEF)၊ Fellow of the Royal Institution of Naval Architects (UK) တို့ရရှိခဲ့သည်။[၇] အလုပ်အကိုင်စစ်တက္ကသိုလ် အမှတ်စဉ်(၁၃)မှ ဆင်းပြီးနောက် ၁၉၇၁ခုနှစ် ဧပြီလမှ ၁၉၈၈ခုနှစ်အထိ ဒုဗိုလ်အဆင့်မှ ဗိုလ်မှူးအဆင့်ဖြင့် တပ်မတော် (ကြည်း)တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၈မှ ၁၉၉၁အထိ ဒုတပ်ရင်းမှူးရာထူးဖြင့် ဗိုလ်ချုပ်အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၀၃ခုနှစ်မှ ၂၀၀၄ခုနှစ်အထိ ဝန်ကြီးချုပ်ရုံးတွင် ပြောင်း၍တာဝန်ထမ်းဆောင်ခဲ့သည်။[၈] ပို့ဆောင်ရေးဝန်ကြီးဘဝ၂၀၀၄ခုနှစ်မှစ၍ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ တပ်မတော်အစိုးရတွင် ပို့ဆောင်ရေး ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ တပ်မတော်အစိုးရသက်တမ်းကုန်ဆုံးသည့် ၂၀၁၁ခုနှစ် မတ်လ ၃၀ရက်နေ့တွင် ဝန်ကြီးတာဝန်မှ အနားယူခဲ့သည်။[၇] ရွေးကောက်ပွဲယှဉ်ပြိုင်ခြင်း၂၀၁၀ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်အတွက် ရခိုင်ပြည်နယ် အမ်းမြို့နယ်မဲဆန္ဒနယ်မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်ခဲ့သည်။ တစ်ဦးတည်သောပြိုင်ဖက်ဖြစ်သူ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ဦးညီလွယ်အား မဲအရေအတွက် (၄၀,၀၀၀) နီးပါး အသာဖြင့် အနိုင်ရရှိခဲ့သည်။ ဆန္ဒမဲ (၄၄,၃၁၃)မဲဖြင့် (၈၈.၅)ရာခိုင်နှုန်း အနိုင်ရခဲ့သည်။ ပါတီ၏ ပြောရေးဆိုခွင့်ရသူအဖြစ်လည်း ထမ်းဆောင်ခဲ့သည်။[၉] ၎င်းသည် ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင် သူရဦးရွှေမန်းနှင့် အလွန်ရင်းနှီးသည်။[၁၀] ၂၀၁၅ရွေးကောက်ပွဲတွင်လည်း အမ်းမြို့နယ်အတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ပြိုင်ဖက် (၅)ဦးအနက် ရခိုင်အမျိုးသားပါတီမှ ဦးကျော်သန်းလှိုင်ကို ကြိုတင်မဲဖြင့် မတိမ်းမယိမ်းအနိုင်ရရှိခဲ့သည်။[၄] အလုပ်သမား/လဝကဝန်ကြီးဘဝ၂၀၁၅ရွေးကောက်ပွဲကို အနိုင်ရပြီးတက်လာသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဆောင်သည့် အစိုးရအဖွဲ့တွင် ဦးသိန်းဆွေ ပါဝင်လာသည်။ သမ္မတအဖြစ် ရွေးကောက်ခံရသည့် ဦးထင်ကျော်က အဆိုပြုတင်သွင်းသော ဝန်ကြီး (၁၈)ဦးတွင် ဦးသိန်းဆွေသည် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအတွက် အဆိုပြုဝန်ကြီးအဖြစ် ပါဝင်ခဲ့သည်။[၅] ထို့နောက် လွှတ်တော်ကအတည်ပြုခဲ့သဖြင့် ၂၀၁၆ခုနှစ် မတ်လ (၃၀)ရက်နေ့တွင် ဦးသိန်းဆွေမှာ ပြည်ထောင်စုဝန်ကြီး ဖြစ်လာခဲ့သည်။ ထိုဝန်ကြီးဌာနသည် ဦးသိန်းစိန် အစိုးရ လက်ထက်တွင် သီးခြားတည်ရှိခဲ့သော အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့အား ပူးပေါင်း၍ ဝန်ကြီးဌာနတစ်ခုတည်းအဖြစ် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ဦးသိန်းဆွေသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဆောင်သော အစိုးရအဖွဲ့များဖြစ်ကြသည့် ဦးထင်ကျော်အစိုးရနှင့် ဦးဝင်းမြင့်အစိုးရတို့တွင် ပါဝင်သည့် တပ်မတော်သားဟောင်းများ အနက်မှ တစ်ဦးအပါအဝင်ဖြစ်သည်။ ၎င်းနှင့်အတူ ပါဝင်သော အခြားတပ်မတော်သားဟောင်းများမှာ ဦးအောင်ကို၊ ဦးမင်းသူ စသူတို့ဖြစ်သည်။[၁၀] ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့တွင် တပ်မတော်မှ အာဏာသိမ်းယူမှုဖြစ်ပွားပြီးနောက် ဦးသိန်းဆွေသည် ဝန်ကြီးတာဝန်မှ အနားယူခဲ့သည်။ ကိုးကား
|
Portal di Ensiklopedia Dunia