အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန (အင်္ဂလိပ်: Ministry of Labour, Immigration and Population; အတိုကောက် MOLIP) သည် ၂၀၁၆ ခုနှစ် သမ္မတ ဦးထင်ကျော် လက်ထက်တွင် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့ ပူးပေါင်းကာ ပြောင်းလဲဖွဲ့စည်းခဲ့သော ဝန်ကြီးဌာနတစ်ခု ဖြစ်သည်။[၁]နောက်ဆုံးဝန်ကြီးမှာ အာဏာသိမ်းစစ်အစိုးရမှ ခန့်အပ်ထားသော ဦးမြင့်ကြိုင်ဖြစ်သည်။ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကမူ ဒေါက်တာဇော်ဝေစိုးအား ပြည်ထောင်စုဝန်ကြီးတာဝန်များကို ထမ်းဆောင်ရန် ခေတ္တပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ထားသည်။[၂][၃] အာဏာသိမ်းမှုဖြစ်ပွားသည့် ၆လပြည့်တွင် အိမ်စောင့်အစိုးရအဖြစ် ပြောင်း၍ ဖွဲ့စည်းရာ ဤ ဝန်ကြီးဌာနကို အလုပ်သမားဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနဟူ၍ ဝန်ကြီးဌာန (၂)ခု ပြန်လည် ခွဲထုတ်ခဲ့သည်။[၄] ဖွဲ့စည်းပုံ
ဝန်ကြီးများ
ကိုးကား
|
Portal di Ensiklopedia Dunia