အကတညုတာသုတ်

(၂)သုတ် ရှိပါသည်။

[] (က) ဒုစရိုက်တရားသုံးပါးနှင့် ပြည့်စုံသူ၊ သူတစ်ပါး၏ ကျေးဇူးကို မသိတတ်သူ၊ ကျေးဇူးမဆပ်သူများ ငရဲ၌ ဖြစ်ကြရသည်။

(ခ) သုစရိုက်တရားသုံးပါးနှင့် ပြည့်စုံသူ၊ ကျေးဇူးကို သိတတ်သူ၊ ကျေးဇူးဆပ်သူများ နတ်ပြည်၌ဖြစ်ကြရသည်ဟု လေးပါးတွဲတရားတို့ကို ကဏှပက္ခ, သုက္ကပက္ခအားဖြင့် ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။


[] အထက်ပါ -

(က) ဒုစရိုက်တရားသုံးပါး အကတညတာ အကတဝေဒိတာ ဟူသော တရားလေးပါးနှင့် ပြည့်စုံသော၊ မိုက်မဲသော မလိမ္မာသော သူယုတ်မာသည် မိမိ၏ဂုဏ်ကို တူးဖြိုဖျက်ဆီးသူ၊ အပြစ်ရှိသူ၊ ပညာရှိတို့ကဲ့ရဲ့ခြင်းခံရသူ၊ များစွာသော မကောင်းမှုကို ဖြစ်ပွားစေသူဖြစ်သည်ဟု လည်းကောင်း။

(ခ) သုစရိုက်သုံးပါး ကတညတာ ကတဝေဒိတာဟူသော တရားလေးပါးတို့နှင့် ပြည့်စုံသောပညာရှိ၊ လူလိမ္မာ၊ သူတော်ကောင်းသည် မိမိ၏ဂုဏ်ကို မတူးဖြိုသူ၊ မဖျက်ဆီးသူ၊ ပညာရှိတို့ ချီးမွမ်းခံရသူ၊ ကောင်းမှုများစွာကို ဖြစ်ပွားစေသူ ဖြစ်သည်ဟုလည်းကောင်း ကဏှပက္ခ, သုက္ကပက္ခအားဖြင့် ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။ []

ကိုးကား

  1. -အံ၊၁၊၅၄၈။ အံ၊မြန်၊၁၊၅၄၆။ အံ၊ဋ္ဌ၊၂၊၃၉၀။ -အင်္ဂုတ္တရနိကာယ၊ စတုက္ကနိပါတ၊ ပဉ္စမပဏ္ဏာသက၊ (၂၂)၂-ပရိသသောဘနဝဂ္ဂ၊ တတိယသုတ်။
  2. -အံ၊၁၊၅၅၁။ အံ၊မြန်၊၁၊၅၆၆။ -အင်္ဂုတ္တရနိကာယ၊ စတုက္ကနိပါတ၊ ပဉ္စမပဏ္ဏာသက၊ (၂၃) ၃-ဒုစ္စရိတဝဂ္ဂ၊ တတိယသုတ်။
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya