အကုသလမူလသုတ်

[] (က) လောဘ၊ ဒေါသ၊ မောဟ ဟူသော အကုသိုလ်မူလတရားသုံးပါးနှင့် ယင်းတရားသုံးပါးတို့ လွှမ်းမိုးနှိပ်စက်မှု ခံရသူတို့၏ လုပ်ဆောင်ချက်၊ ယင်းပုဂ္ဂိုလ်ကို “အကာလဝါဒီ” “အဘူတဝါဒီ “အနတ္တဝါဒီ” “အဓမ္မဝါဒီ” “အဝိနယဝါဒီ” ပုဂ္ဂိုလ်ဟု ခေါ်ဆိုထိုက်ပုံ၊ ယင်းတရားသုံးပါးကြောင့် ယခု ဘဝ၌ပင်လျှင် ဆင်းရဲပင်ပန်း ပူလောင်လျက်နေရပုံ၊ တမလွန်ဘဝ၌ ဒုဂ္ဂတိဘုံဌာနသို့ ရောက်နိုင်ပုံကိုလည်းကောင်း၊

(ခ) အလောဘ၊ အဒေါသ၊ အမောဟ တရားသုံးပါးတို့သည် ကုသိုလ်မူလတရားဖြစ်ကြောင်း၊ ယင်းတရားသုံးပါးတို့နှင့် ပြည့်စုံသောပုဂ္ဂိုလ်၏ လုပ်ဆောင်ချက်၊ ယင်းပုဂ္ဂိုလ်ကို “ကာလဝါဒီ” “ဘူတဝါဒီ” “အတ္ထဝါဒီ” “ဓမ္မဝါဒီ” “ဝိနယဝါဒီ” ဟု ခေါ်ဆိုထိုက်ပုံ၊ လောဘ၊ ဒေါသ၊ မောဟတရားတို့ကို အကြွင်းမဲ့ပယ်စွန့် ပြီးသူသည် ယခုဘဝ၌ပင် ဆင်းရဲမှု၊ ပင်ပန်းမှု၊ ပူလောင်မှုမရှိဘဲ ချမ်းသာသုခ စံစားရပုံ၊ မျက်မှောက်ဘဝမှာပင် ပရိနိဗ္ဗာန်ဝင်စံရပုံတို့ကို မာလာနွယ် ဥပမာဖြင့် ဟောကြားတော်မူသည့်သုတ်။ []

ကိုးကား

  1. -အံ၊၁၊၂၀၂-၅။ အံ၊မြန်၊၁၊၂၂၀-၃။ -အင်္ဂုတ္တရနိကာယ၊ တိကနိပါတ၊ ဒုတိယပဏ္ဏာသက၊ (၇) ၂-မဟာဝဂ္ဂ၊ နဝမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya