အကုသလရာသိသုတ်
(၂)သုတ် ရှိပါသည်။ (က) ကာမစ္ဆန္ဒ, ဗျာပါဒ၊ ထိန မိဒ္ဓ, ဥဒ္ဓစ္စကုက္ကုစ္စ, ဝိစိကိစ္ဆာနီဝရဏ ဟူသော နီဝရဏတရားငါးပါးတို့ကို “အကုသိုလ်အစု” ဟုလည်းကောင်း၊ (ခ) သတိပဋ္ဌာန်တရားလေးပါးတို့ကို “ကုသိုလ်အစု” ဟုလည်းကောင်း ဆိုသင့်ပုံနှင့် သတိပဋ္ဌာန်လေးပါး ပွားများပုံကို ဟောကြားတော်မူသည့်သုတ်။ [၂] အထက်ဖော်ပြပါ နီဝရဏတရားငါးပါးတို့ကို “အကုသိုလ်အစု” ဟု ခေါ်ဆို သင့်ပုံကို ဟောကြားတော်မူသည့်သုတ်။ [၃] အကုသလရာသိသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် “အကုသိုလ်အစု” ဟူ၍ ဆိုသောသူသည် ကောင်းစွာဆိုလိုပါက နီဝရဏတရားငါးမျိုးကို ဆိုနိုင်ကြောင်း ဟောကြားတော်မူခဲ့သည်။[၄] အကုသလရာသိသုတ်ရဟန်းတို့ “အကုသိုလ်အစု” ဟူ၍ ဆိုသော သူသည် ကောင်းစွာဆိုလိုမူ နီဝရဏ ငါးမျိုးတို့ကို ဆိုရာ၏။ ရဟန်းတို့ အလုံးစုံသော အကုသိုလ်အစုဟူသည် ယင်း နီဝရဏ ငါးမျိုးတို့ပင်တည်း။ အဘယ်ငါးမျိုးတို့နည်း ဟူမူ -
ရဟန်းတို့ “အကုသိုလ်အစု” ဟူ၍ ဆိုသောသူသည် ကောင်းစွာဆိုလိုမူ ဤနီဝရဏတရားငါးမျိုးတို့ကို ဆိုရာ၏။ ရဟန်းတို့ ဤအလုံးစုံသော အကုသိုလ်အစုဟူသည် ယင်း နီဝရဏ ငါးမျိုးတို့ပင်တည်း ဟု(မိန့်တော်မူ၏)။[၄] ကိုးကား
|
Portal di Ensiklopedia Dunia