အဂါရဝသုတ်
(၄)သုတ် ရှိပါသည်။ [၁] အသဒ္ဓ၊ အဟိရိက၊ အနောတ္တပ္ပ၊ ကုသီတ၊ ဒုပ္ပည ဟူသော တရားငါးမျိုးတို့နှင့် ပြည့်စုံသောရဟန်းသည် သူတော်ကောင်းတရား၌ ရိုသေလေးစားမှုမရှိ၊ သူတော်ကောင်းတရားကို လိုက်နာကျင့်သုံးမှု မရှိခြင်းကြောင့် သူတော်ကောင်းတရားမှ လျောကျ ပျက်စီးနိုင်၏။ သူတော်ကောင်းတရား၌ စွဲမြဲစွာ မတည်နိုင်။ ။ သဒ္ဓါ၊ ဟိရီ ဩတ္တပ္ပ၊ အာရဒ္ဓဝီရိယ၊ ပညာ-ဟူသော တရားငါးမျိုးနှင့် ပြည့်စုံ သောရဟန်းသည် သူတော်ကောင်းတရား၌ ရိုသေလေးစားမှု၊ သူတော်ကောင်းတရားကို လိုက်နာကျင့်သုံးမှု ရှိသောကြောင့် သူတော်ကောင်းတရားမှ မလျောကျ မပျက်စီးနိုင်။ သူတော်ကောင်းတရား၌ စွဲမြဲစွာတည်နိုင်၏ဟု ဘုရားရှင်ဟောတော်မူသည့်သုတ်။ [၂] အထက်သုတ်ပါ ကဏှပက္ခတရားငါးပါးနှင့် ပြည့်စုံသောရဟန်းသည် ဤဓမ္မဝိနယ (ဘုရားရှင်) သာသနာတော်၌ ရိုသေလေးစားမှု လိုက်နာကျင့်သုံးမှု မရှိသောကြောင့် (မိမိထက် သီလသိက္ခာကြီးသူတို့နှင့် စပ်လျဉ်း၍) မကြီးပွားနိုင်၊ (မိမိအောက် သီလ သိက္ခာငယ်သူတို့နှင့် စပ်လျဉ်း၍) မပြန့်ပွားနိုင်၊ သုက္ကပက္ခတရားငါးပါးနှင့် ပြည့်စုံသောရဟန်းတော်သည် ဤဓမ္မဝိနယ (ဘုရားရှင်) သာသနာတော်၌ ရိုသေလေးစားမှု လိုက်နာကျင့်သုံးမှု ရှိသောကြောင့် ကြီးပွားစည်ပင် ပြန့်ပွားနိုင်၏ဟု ဘုရားရှင်ဟောတော်မူသည့်သုတ်။ [၃] ဤသုတ်တို့၌ သီတင်းသုံးဖော်တို့အပေါ်၌ ရိုသေ၊ ကျိုးနွံမှုမရှိ၊ သီတင်းသုံးဖော်တို့နှင့် အသက်မွေးမှုမတူညီသောရဟန်းသည် သီတင်းသုံးဖော်တို့ အပေါ်၌ အာဘိသမာ စာရိက (မြင့်မြတ်သောကျင့်ဝတ်) သီလ၊ သေက္ခပုဂ္ဂိုလ်တို့ကျင့်စဉ်၊ စတုပါရိသုဒ္ဓိသီလ၊ သမ္မာဒိဋ္ဌိ ... သမ္မာသမာဓိ ဟူသော အဆင့်ဆင့်ကျင့်ရမည့်တရားများကို ဖြည့်ကျင့်မှု အကြောင်းမရှိနိုင်ပုံနှင့် ရိုသေ၊ ကျိုးနွံမှုရှိသော ရဟန်းတို့သည်သာ ဤအဆင့်ဆင့် ကျင့်ရသောတရားတို့ကို ပြည့်စုံအောင် ဖြည့်ကျင့်မှုအကြောင်းရှိပုံကို ဟောကြားတော်မူပါသည်။ [၄] ကိုးကား
|
Portal di Ensiklopedia Dunia