အစ္စယသုတ်
(၂)သုတ် ရှိပါသည်။ [၁] အပြစ်ကို အပြစ်အတိုင်းမမြင်သူ၊ အပြစ်ကိုဝန်ခံ၍ တောင်းပန်သည်ကို လက်မခံ သူတို့သည် “ဗလ” ဖြစ်၍ အပြစ်ကို အပြစ်အတိုင်းမြင်သူ၊ အပြစ်ကို ဝန်ခံ၍ တောင်းပန်သည်ကို လက်ခံသူတို့သည် “ပညာရှိ” ဖြစ်ကြောင်း ဟောတော်မူသည့်သုတ်။ ဆက်လက်၍ သိကြားမင်းကလည်း သုဓမ္မာနတ်သဘင်၌ “ဒေါသအလိုသို့ မလိုက်သင့်ပုံ၊ မိတ်မပျက်သင့်ပုံ၊ မကဲ့ရဲ့ထိုက်သူကို မကဲ့ရဲ့ သင့်ပုံ၊ ဂုံးတိုက်သောစကားကို မပြောသင့်ပုံ၊ ကောဓသည် ယုတ်ညံ့သူကို တောင်ကြီးကဲ့သို့ ကြိတ်ချေနှိပ်စက်သည်” ဟု ဟောဖူးကြောင်း ဘုရားရှင်က မိန့်ကြားတော်မူသည်။ [၂] အပြစ်ကို အပြစ်အတိုင်း မမြင်သူ၊ အပြစ်ကို အပြစ်အတိုင်း မြင်သော်လည်း မကုစားသူ၊ အပြစ်ကို အပြစ်အတိုင်းဝန်ခံ၍ တောင်းပန်ပြောဆိုမှုကို လက်မခံသူတို့သည် “ဗာလ” ဖြစ်၍၊ အပြစ်ကို အပြစ်အတိုင်းမြင်သူ၊ အပြစ်ကို အပြစ်အတိုင်းမြင်၍ ကုစားသူ၊ အပြစ်ကိုအပြစ်အတိုင်းဝန်ခံ၍ တောင်းပန်ပြောဆိုသည်ကို လက်ခံသူတို့သည် “ပညာရှိ” သူဖြစ်ကြောင်း ဟောကြားတော်မူသည့်သုတ်။ [၃] ကိုးကား
|
Portal di Ensiklopedia Dunia