အစ္ဆရိယအဗ္ဘုတသုတ်
ဤသုတ်ကို ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ ဟောတော်မူသည်။ သမ္ဗဟုလရဟန်းတို့၏ လျှောက်ထားချက်နှင့် ပတ်သက်၍ ဘုရားရှင်၏ တိုက်တွန်းတော်မူချက်အရ- အရှင်အာနန္ဒာက အလောင်းတော်မြတ် ဗောဓိသတ်၏ တုသိတာနတ်ပြည်သို့ ရောက်ရှိသည်ကစ၍ မီးရှူးသန့်စင်ဖွားမြင်တော်မူချိန်အထိ ရင်သတ်ရှမောအံ့ဩချီး ကျူးဖွယ် အကြောင်းအရာ (၁၉) မျိုးကို ဘုရားရှင်ထံတော်မှ ကြားနာခဲ့သည်အတိုင်း လျှောက်ထားသည်၊ ဘုရားရှင်က မိမိသန္တာန်၌ ဝေဒနာ သညာ ဝိတက် တရားတို့ ထင်ရှားစွာ ဖြစ်တည်ချုပ်ပျောက်ခြင်းဟူသော အစ္ဆရိယ အဗ္ဘူတဓမ္မတစ်ပါးကို ဖြည့်စွက်၍ ဟောကြားတော်မူသောသုတ်။ အဋ္ဌကထာ၌ -ဝေဿန္တရာမင်းဘဝ၌ သိကြာမင်းပေးသော သုရှစ်ပါး၊ နတ်ပြည်၌ မိမိနတ်ဖြစ်သည်ကို သိ/မသိ၊ နတ်သား, နတ်သမီးတို့အရွယ်၊ စုတေမည့် ပုဗ္ဗနိမိတ်များ၊ ကြည့်ခြင်းကြီးငါးပါး၊ အလောင်းတော်၏ ပဋိသန္ဓေစိတ်၊ ဖွားမြင်ပုံလေးမျိုး၊ လောကန္တရိက်ငရဲ၊ ပဋိသန္ဓေနေစဉ်အခါက နတ်မင်းကြီးတို့စောင့်ရှောက်ကြပုံ၊ မယ်တော်၏ အသက်အရွယ်၊ ဖွားမြင်တော်မူပုံ၊ ပုဗ္ဗနိမိတ်များ၊ တိပိဋကဓရ စူဠာဘယထေရ်၏ မိန့်ကြားချက်များ ပါရှိသည်။ [၁] [၂] ကိုးကား
|
Portal di Ensiklopedia Dunia