အညတရဗြာဟ္မဏသုတ်
(၃)သုတ်ရှိပါသည်။ [၁] “ပြုသူသည်ပင် ခံစားသူဖြစ်၏” ဟူသော အစွန်းတစ်ခု၊ “ပြုသူကတစ်ပါး ခံစားသူကတစ်ခြား” ဟူသောအစွန်းတစ်ခု၊ ဤအစွန်းနှစ်ခုဖြင့် ပြဿနာမေးလျှောက်သော အညတရပုဏ္ဏားအား ဘုရာရှင်က ယင်းအစွန်းနှစ်ပါးတို့၏ အလယ်အားဖြင့် ကြောင်းကျိုးဖြစ်ပုံ ပဋိစ္စသမုပ္ပါဒ်အနုလုံ နှင့် ကြောင်းကျိုးချုပ်ငြိမ်းပုံ “ပဋိစ္စသမုပ္ပါဒ်ပဋိလုံ ဒေသနာတော်တို့ကို ဟောတော်မူရာ အညတရဗြာဟ္မဏက သဘောပေါက်နားလည် သွားပြီး ဘုရားရှင်ထံ၌ ဥပါသကာအဖြစ် ခံယူသွားပုံကို ဟောပြသည့်သုတ်။ [၂] ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူပြီးသည်ရှိသော် သတိပဋ္ဌာန်တရားလေးပါးကို ပွားများခြင်း၊ ကြိမ်ဖန်များစွာ အလေ့အလာပြုခြင်းကြောင့် သူတော်ကောင်းတရား ကြာရှည်စွာ တည်ရှိနိုင်ပုံနှင့် သတိပဋ္ဌာန်လေးပါးကို မပွားများခြင်း၊ ကြိမ်ဖန်များစွာ အလေ့အလာမပြုခြင်းကြောင့် သူတော်ကောင်းတရား ကြာရှည်စွာ မတည်တံ့နိုင်ပုံကို ဟောပြသည့်သုတ်။ [၃] အညတရဗြာဟ္မဏက ဘုရားရှင်အား “တရားတော်သည် အဘယ်မျှလောက်သော အတိုင်းအတာအားဖြင့် သန္ဒိဋ္ဌိက၊ အကာလိက၊ ဧဟိပဿိက၊ ဩပနေက၊ ပစ္စတ္တံ ဝေဒိတဗ္ဗာ ဝိညူဟိ-ဖြစ်ပါသနည်း” ဟု မေးလျှောက်သဖြင့် ဘုရားရှင်က “ရာဂ, ဒေါသ, မောဟ-ရှိသူများသည် ယင်းရာဂ, ဒေါသ, မောဟတို့ ဖိစီးနှိပ်စက်အပ်, ယင်းရာဂ စသည်တို့ဖြင့် (စွဲမြဲစွာယူအပ်, မှားမှားယွင်းယွင်းသုံးသပ်) သိမ်းယူအပ်သော စိတ်ရှိကြသဖြင့် မိမိ သူတပါးနှစ်ဦးသားတို့ ဆင်းရဲရန် ကြံစည်အားထုတ်ကြပုံ၊ စိတ်ဆင်းရဲခြင်း နှလုံးမသာယာခြင်းကို ခံစားကြပုံ၊ ဒုစရိုက်ဆယ်ပါးကို ပြုလုပ်ကြပုံ၊ မိမိ သူတပါး နှစ်ဦးသားတို့၏ အကျိုးစီးပွားများကို အမှန်အတိုင်း မသိနိုင်ကြပုံ၊ ယင်းရာဂ စသည်တို့ကို ပယ်ပြီးသည်ရှိသော် ထိုကဲ့သို့ အားမထုတ်ကြ၊ မခံစားကြရတော့ပုံ၊ ဒုစရိုက်များကို မပြုလုပ်ကြတော့ပုံ၊ မိမိ သူတစ်ပါးနှစ်ဦးသားတို့၏ အကျိုးစီးပွားကို အမှန်အတိုင်း သိနိုင်ကြပုံတို့သည် တရားတော်၏ သန္ဒိဋ္ဌိက၊ အကာလိက၊ ဧဟိပဿိက၊ ဩပနေယိုက၊ ပစ္စတ္တံ ဝေဒိတဗော ဝိညူဟိ” ဖြစ်သည်ဟု ဟောပြသည့်သုတ်။ [၄] ကိုးကား
|
Portal di Ensiklopedia Dunia