အညတိတ္ထိယသုတ်

(၂)သုတ် ရှိပါသည်။

[] ဘုရားရှင် မဂဓနိုင်ငံ ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် အရှင်သာရိပုတ္တရာထေရ်အား တိတ္ထိတို့က “ဒုက္ခနှင့် စပ်လျဉ်း၍ ဝါဒလေးမျိုးကို မေးလျှောက်ရာ အရှင်သာရိပုတ္တရာ၏ ဖြေရှင်းပုံကို အရှင်အာနန္ဒာက ဘုရားရှင်အား လျှောက်ထားသဖြင့် ဘုရားရှင်က သာဓုခေါ်တော်မူပြီး အရှင်သာရိပုတ္တရာ၏ ဖြေကြားချက်မှန်ကန်ကြောင်း ဖဿကို အကြောင်းပြု၍ ဒုက္ခဖြစ်ပုံကို ဤရာဇဂြိုဟ်မြို့တော်၌ပင် တိတ္ထိတို့၏ အရှင်သာရိပုတ္တရာအား မေးမြန်းသည့်အတိုင်း မေးမြန်းခဲ့ရာ၌ ဤအတိုင်းပင် ဖြေရှင်းဟောကြားခဲ့ပုံ၊ တိတ္ထိတို့က ချီးမွမ်းစကားလျှောက်ထားခဲ့ပုံကို မိန့်တော်မူပြီး အရှင်အာနန္ဒာအား မေးတော်မူ၍ ပဋိစ္စသမုပ္ပါဒ်ကို ဇရာ, မရဏမှစ၍ အနုလုံ, ပဋိလုံအားဖြင့် ဟောကြားတော်မူသည့်သုတ်။


[] ဘုရားရှင်က ရဟန်းတို့အား ရာဂ, ဒေါသ, မောဟတရားသုံးပါးတို့၏ ထူးခြားမှု ပယောဂလွန်ကဲမှု ဖြစ်ပေါ်ခြင်း တိုးပွါးခြင်းအကြောင်း, ပယ်စွန့်နိုင်သောအကြောင်းများကို ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ၌-ဘုရားရှင်သည် တရားတော်၏မူလက, နေတ္တိက, ပဋိသရဏ ဖြစ်ပုံနှင့် မယားကိုစွဲလမ်း၍ သေခြင်းကြောင့် သုံးကြိမ်တိုင်တိုင် အသတ်ခံရပုံဝတ္ထု၊ ရာဂစသည်တို့၏ မဟာသာဝဇ္ဇဖြစ်ပုံ၊ ခိပ္ပဝိရာဂီ, ဒန္ဓဝိရာဂီဖြစ်ပုံတို့ကို ဖွင့်ပြထားပါသည်။ []

ကိုးကား

  1. -သံ၊၁၊၂၆၉-၂၇၃။ သံ၊မြန်၊၁၊၂၅၅-၉။ သံ၊ဋ္ဌ၊၂၊၅၂-၃။ -သံယုတ္တနိကာယ၊ နိဒါနဝဂ္ဂသံယုတ္တ၊ ၁-နိဒါနသံယုတ္တ၊ ၃-ဒသဗလဝဂ္ဂ၊ စတုတ္ထသုတ်။
  2. -အံ၊၁၊၁၉၉-၂၀၁။ အံ၊မြန်၊၁၊၂၁၈-၉။ အံ၊ဋ္ဌ၊၂၊၁၈၈-၁၉၁။ -အင်္ဂုတ္တရနိကာယ၊ တိကနိပါတ၊ ဒုတိယပဏ္ဏာသက၊ ၂-မဟာဝဂ္ဂ၊ အဋ္ဌမသုတ်။
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya