အဒုက္ခမသုခီသုတ်
(၃)သုတ် ရှိပါသည်။ [၁] ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်ရှိလျှင် ယင်းကိုစွဲ၍ နှလုံးသွင်းမှား၍ “အတ္တသည် ချမ်းသာဆင်းရဲမရှိ၊ သေပြီးသည်မှနောက်၌ မြဲ၏”ဟု အယူဖြစ်သည်။ ရုပ်သည်မမြဲ၊ မမြဲ, ဆင်းရဲ ဖောက်ပြန်ခြင်းသဘောရှိသော ရုပ်ကို အစွဲမပြုလျှင် “အတ္တသည် ချမ်းသာဆင်းရဲ မရှိ၊ သေပြီးမှနောက်၌ မြဲ၏”ဟူသော အယူမဖြစ်တော့။ မမြဲသောရုပ်သည် ဆင်းရဲ၏။ ထိုဆင်းရဲရှိလျှင် ထိုဆင်းရဲကို အစွဲပြု၍ “အတ္တသည် ချမ်းသာဆင်းရဲ မရှိ သေပြီးသည်မှနောက်၌ မြဲ၏” ဟူသော အယူမဖြစ်နိုင်-အစရှိသည်ဖြင့် ခန္ဓာတစ်ပါးစီ တစ်ပါးစီ ခွဲစိတ်၍ ဟောတော်မူသည်။ [၂] ရုပ်ရှိလျှင် ရုပ်ကိုအကြောင်းပြု(စွဲ)၍ ရုပ်ကို မှားမှားယွင်းယွင်းနှလုံးသွင်း၍ “အဒုက္ခမသုခီ အတ္တာ ဟောတိ အရောဂေါ ပရံ မရဏာ”ဟု ဤအယူမှားမှုဖြစ်သည် အစရှိသည်ဖြင့် ခန္ဓာတစ်ပါးစီကို အနတ္တလက္ခဏသုတ်ဒေသနာတော်အတိုင်း ဟောတော်မူပြီး ဝိပရိဏာမဓမ္မဖြစ်သော ထိုရုပ်ကို (တဏှာ ဒိဋ္ဌိတို့ဖြင့်) မစွဲယူတော့လျှင် မိစ္ဆာအယူမဖြစ်တော့ပုံ၊ အနိစ္စ၊ ဒုက္ခသဘာဝများကိုသိမြင်လျှင် ဥပါဒါန်မရှိ၊ ဥပါဒါန် မရှိလျှင် မိစ္ဆာအယူမဖြစ်တော့ -စသည်ဖြင့် ခန္ဓာတစ်ပါးစီ တစ်ပါးစီကို ပုစ္ဆာ ဝိဿဇ္ဇနာ ဒေသနာတော်နည်းဖြင့် ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။ [၃] အထက်သုတ်အတိုင်း ခန္ဓာငါးပါးရှိလျှင် ခန္ဓာတစ်ပါးစီကို စွဲ၍ နှလုံးသွင်းမှား၍ “အတ္တသည် ချမ်းသာဆင်းရဲမရှိ၊ သေပြီးသည်မှနောက်၌ မြဲ၏”ဟူသော အယူဝါဒဖြစ် သည်ဟု မိန့်တော်မူပြီး အနတ္တလက္ခဏသုတ် ဒေသနာတော်အတိုင်း ရဟန္တာဖြစ်သည် အထိ ရှုမှတ်ပုံကို အကျယ်ဟောတော်မူသည့်သုတ်။ [၄] ကိုးကား
|
Portal di Ensiklopedia Dunia