အနနုဿုတသုတ်
(၂)သုတ် ရှိပါသည်။ [၁] ကာယ, ဝေဒနာ, စိတ္တ, ဓမ္မတို့၌ “ဤသည်ကား ကာယ, ဝေဒနာ, စိတ္တ, ဓမ္မ” ဟု (ဘုရားမဖြစ်မီ) ရှေးကမကြားစဘူးကုန်သော တရားတို့၌ ငါ့အား ပညာမျက်စိ ထင်ရှားဖြစ်ပေါ်လာပြီ၊ အသိဉာဏ် ထင်ရှားဖြစ်ပေါ်လာပြီ၊ ထိုးထွင်း၍ သိမှု “ဝိဇ္ဇာ ထင်ရှားဖြစ်ပေါ်လာပြီ၊ ပညာအလင်းရောင် ထင်ရှားဖြစ်ပေါ်လာပြီ-ဟု တစ်ပါးစီတစ်ပါး စီခွဲ၍ ဟောတော်မူသည့်သုတ်။ [၂] ငါဘုရားသည် (ဘုရားမဖြစ်မီ) ရှေးက မကြားစဘူးသေးသော (သစ္စာလေးပါး) တရားတို့၌ ထူးသောဉာဏ်ဖြင့် သိ၍ အပြီးအဆုံးတဖက်ကမ်းသို့ ရောက်၏ဟု ငါဝန်ခံတော်မူ၏။ သဒ္ဓါ, ဟိရီ, ဩတ္တပ္ပ, ဝီရိယ, ပညာ-ဟူသော မြတ်စွာဘုရားရှင်၏ အားတော်ငါးပါးတို့နှင့် ပြည့်စုံတော်မူသော ငါဘုရားသည် မြင့်မြတ်သောအရာ (ဘုရား အဖြစ်)ကို ဝန်ခံတော်မူ၏။ ပရိသတ်တို့အလယ်၌ ရဲရင့်သော စကားကို မြွက်ဆိုတော်မူ၏။ မြတ်သော တရားတော်တည်းဟူသောစက်ကို လည်စေတော်မူ၏။ (ဓမ္မစကြာ တရားတော်ကို ဟောတော်မူ၏) ဟု မိန့်တော်မူသည့်သုတ်။ [၃] အနနုဿုတသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် မြတ်စွာဘုရား၏ အားငါးမျိုးတို့ကို ဟောကြားတော်မူခဲ့သည်။[၄] ကိုးကား
|
Portal di Ensiklopedia Dunia