အနုသယသုတ်
(၅)သုတ် ရှိပါသည်။ [၁] ဘုရားရှင် သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် အရှင်ရာဟုလာက “မြတ်စွာဘုရား အဘယ်သို့ သိမြင်သောပုဂ္ဂိုလ်အား ဝိညာဏ်နှင့်တကွဖြစ်သော ဤခန္ဓာကိုယ်၌ဖြစ်စေ, ပြင်ပအလုံးစုံသော နိမိတ်တို့၌ဖြစ်စေ, ငါငါဟုစွဲယူသော ဒိဋ္ဌိ, ငါ့ဥစ္စာ ငါ့ဥစ္စာဟုယူသော တဏှာ, အဖန်ဖန်ကိန်းမှု မာနတို့ မဖြစ်နိုင်ပါကုန်သနည်း” ဟု မေးလျှောက်သဖြင့် အနတ္တလက္ခဏသုတ် ဒေသနာတော်နည်းအားဖြင့် ရှုမြင်သူအား တဏှာ, မာန, ဒိဋ္ဌိတို့ မဖြစ်ကုန်-ဟု ဟောတော်မူသည့်သုတ်။ [၂] အနုသယခုနစ်ပါးတို့ကို ထူးသောဉာဏ်ဖြင့် သိရန်၊ ပိုင်းခြား၍ သိရန်၊ ကုန်ခန်း စေရန်၊ ပယ်စွန့်ရန်၊ အရိယမဂ္ဂင် ရှစ်ပါးကို ပွားများရမည်ဟု ဟောတော်မူသည့်သုတ်။ [၃] သဒ္ဓါ၊ ဝီရိယ, သတိ, သမာဓိ, ပညာဟူသောဣန္တငါးပါးတို့ကို ပွားများအပ်, ကြိမ်ဖန်များစွာ အလေ့အထပြုအပ်သည်ရှိသော် အနုသယတို့ကို အကြွင်းမဲ့ ပယ်ခွါနိုင်ရန် ဖြစ်၏ဟု ဟောတော်မူသည့်သုတ်။ [၄] ဤသုတ်၌ အနသယခုနစ်ပါးတို့ကို ဟောတော်မူပါသည်။ [၅] အနုသယခုနစ်ပါးကို ပယ်ရန်, အကြွင်းမဲ့ ဖြတ်တောက်ရန်အတွက် မြတ်သော အကျင့်ကို ကျင့်သုံးအပ်၏။ အနုသယခုနစ်ပါးကို ဖြတ်တောက်ပြီးသော ရဟန်းသည် တဏှာကို ဖြတ်ပြီးသူ, သံယောဇဉ် (အနှောင်အဖွဲ့)ကို ဖြေပြီးသူ, မာနကို အရဟတ္တ မဂ်ဖြင့် အကြွင်းမဲ့ပယ်ပြီးသူ, ဝဋ်ဆင်းရဲဒုက္ခ၏ အဆုံးကို ပြုပြီးသူဟု ဆိုအပ်၏-ဟု ဟောတော်မူသည့်သုတ်။ [၆] (၁၁)မျိုးသော အခြင်းအရာဖြင့် တည်နေသော ခန္ဓာငါးပါး၌ ရှုရန်၁။ ရာဟုလာ...အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သော အဇ္ဈတ္တသန္တာန် ဗဟိဒ္ဓသန္တာန်၌လည်းဖြစ်သော ကြမ်းတမ်းသည့် = ဩဠာရိက, သိမ်မွေ့သည့် = သုခုမလည်းဖြစ်သော ယုတ်ညံ့သည့် = ဟီန, မွန်မြတ်သည့် = ပဏီတလည်းဖြစ်သော ဝေးသည့် = ဒူရ, နီးသည့် = သန္တိကလည်းဖြစ်သော ရုပ်အားလုံးကို --- နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ = ဤရုပ်သည် ငါ့ဟာ မဟုတ်၊ ဤရုပ်သည် ငါ မဟုတ်၊ ဤရုပ်သည် ငါ၏အတ္တ မဟုတ် ဟူ၍ --- ဤသို့ ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ဝိပဿနာပညာ မဂ်ပညာဖြင့် မြင်၏။ ၂။ ခံစားမှု = ဝေဒနာအားလုံးသည်။ ပ ။ ၃။ မှတ်သားမှု = သညာအားလုံးသည်။ ပ ။ ၄။ ပြုစီရင်မှု = စေတသိက်သင်္ခါရအားလုံးတို့သည်။ ပ ။ ၅။ အသိစိတ် = ဝိညာဏ်အားလုံးသည်။ ပ ။ ရာဟုလာ...ဤသို့ သိသူ ဤသို့ မြင်သူအား ဝိညာဏ်နှင့်တကွဖြစ်သော ဤကိုယ်၌လည်းကောင်း ပြင်ပဖြစ်သော အလုံးစုံသော သက်ရှိသက်မဲ့ သင်္ခါရနိမိတ်တို့၌လည်းကောင်း ငါဟု စွဲယူမှု = ဒိဋ္ဌိ, ငါ့ဥစ္စာဟု တပ်မက်မှု = တဏှာ, ကိန်းဝပ်နေသော ထောင်လွှားမှု = မာနတို့သည် မဖြစ်ကုန်ဟု ဟောတော်မူ၏။ [၇][၈] ဆန္နောဝါဒသုတ္တန်အဋ္ဌကထာ[၉]ဤအဋ္ဌကထာအဖွင့်နှင့်အညီ အတိတ် အနာဂတ် ပစ္စုပ္ပန်စသည့် ဥပါဒါနက္ခန္ဓာငါးပါးတို့ကို - နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ ဟု ရှုခြင်းနှင့် အနိစ္စဟု ဒုက္ခဟု အနတ္တဟု လက္ခဏာယာဉ်တင်ကာ ရှုခြင်း တို့မှာ အတူတူပင်ဟု မှတ်ပါ။ ယင်းသို့ ဝိပဿနာရှုရာ၌ ယင်းဥပါဒါနက္ခန္ဓာငါးပါးတို့ဝယ် ပစ္စုပ္ပန်ခန္ဓာငါးပါးတို့ သာမက အတိတ်ခန္ဓာငါးပါး အနာဂတ်ခန္ဓာငါးပါးတို့လည်း ပါဝင်ကြ၏။ ယင်း (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ဥပါဒါနက္ခန္ဓာငါးပါးတို့ကို ဝိပဿနာရှုရာ၌ ပစ္စက္ခဉာဏ်လေလော အနွယဉာဏ်လေလော ဟု မေးရန်ရှိ၏။ အဖြေကို သိရှိလိုပါက အောက်ပါ အဋ္ဌကထာ ဋီကာ အဖွင့်များကို ကြည့်ပါ။[၈] အတ္တပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်မြင်သမ္မပ္ပညာယ ပဿတိ = မှန်ကန်သော ပညာဖြင့် မြင်၏ ဟူသည် --- ဝိပဿနာပညာနှင့်တကွသော အရိယမဂ်ပညာဖြင့် ကောင်းစွာမြင်၏ဟု ဆိုလို၏။ [၁၁] အရိယမဂ်၏ ရှေးအဖို့ဖြစ်သော ဝိပဿနာပိုင်း၌ - ဝိပဿနာဉာဏ်ဖြင့် ယင်း (၁၁)မျိုးသော အခြင်းအရာ အားဖြင့် တည်နေသော ဥပါဒါနက္ခန္ဓာငါးပါးတို့ကို လက္ခဏာယာဉ်တင်ကာ ဝိပဿနာရှုပွားသုံးသပ်ခြင်း၏ အစွမ်းဖြင့် ယင်း ဥပါဒါနက္ခန္ဓာတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်တို့ကို ကောင်းမွန်မှန်ကန်စွာ ဝိပဿနာသမ္မာဒိဋ္ဌိတည်း ဟူသော အတ္တပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်လျက် မြင်၏။ အရိယမဂ်ခဏ၌ကား ယင်း (၁၁) မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ဥပါဒါနက္ခန္ဓာငါးပါး ဒုက္ခသစ္စာ တရားတို့ကို (ကိစ္စသိဒ္ဓိအားဖြင့်) ထိုးထွင်း၍သိခြင်း ပရိညာဘိသမယ၏ အစွမ်းဖြင့် ကောင်းမွန် မှန်ကန်စွာ အရိယမဂ္ဂသမ္မာဒိဋ္ဌိတည်းဟူသော အတ္တပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်လျက် မြင်၏။(အသမ္မောဟပဋိဝေဓတည်း။ ဒုက္ခသစ္စာကို မသိအောင်ဖုံးလွှမ်းထားသည့် မောဟကိုပယ်သောအားဖြင့် သိခြင်း မြင်ခြင်းတည်း။) [၁၂][၈] အနွယဉာဏ်ဖြင့် ရှုရမည်တရားများဤ၌ အတိတ် အနာဂတ်စသည့် ဥပါဒါနက္ခန္ဓာတို့ကို လက္ခဏာယာဉ်တင်ကာ ရှုပွား သုံးသပ်တတ်သော ဝိပဿနာဉာဏ်ကို အတ္တပစ္စက္ခဉာဏ် - ဟု ဖွင့်ဆိုထားသည်ကို သတိပြုပါ။ သို့သော် ဝိပဿနာဉာဏ်ဖြင့် လက်ငင်းဒိဋ္ဌ ရှုမြင်အပ်ပြီးသော ဒိဋ္ဌတရားတို့၌ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်တို့ကို အတ္တပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက် သိမြင်ပြီးသောအခါ အဒိဋ္ဌဖြစ်သည့် အတိတ်အနာဂတ် တရားတို့၌လည်း ၎င်းနည်းဟု အနွယဉာဏ်ဖြင့်လည်း ရှုနိုင်သည်။ ကိုးကား
|
Portal di Ensiklopedia Dunia