အပ္ပကသုတ်

[] ဤလောက၌ မြင့်မြတ်များပြားလှစွာကုန်သော စည်းစိမ်ဥစ္စာတို့ကို ရရှိသည်ရှိသော် မမေ့မလျော့ကုန်၊ ကာမဂုဏ်တို့၌ တပ်မက်ခြင်းသို့ မရောက်ကုန်၊ သတ္တဝါတို့၌လည်း ဖောက်ပြန်စွာမကျင့်သော သတ္တဝါတို့ကား နည်းပါးလှကုန်၏။ မြင့်မြတ်များပြားကုန်သော စည်းစိမ်ဥစ္စာတို့ကို ရရှိသည်ရှိသော် မေ့လျော့ကုန်၊ ကာမဂုဏ်တို့၌ တပ်မက် ခြင်းသို့ရောက်ကုန်၊ သတ္တဝါတို့၌ ဖောက်ပြန်စွာကျင့်ကုန်သော သတ္တဝါတို့သာ လောက၌ အလွန်များလှကုန်၏ဟု ကောသလဘုရင်က မိမိ၏ အကြံအစီကို ဘုရားရှင်အားလျှောက်ထားရာ ဘုရားရှင်က “ဟုတ်မှန်ပေသည် မဟာရာဇာ”ဟု မိန့်ကြားပြီး အတည်ပြုတော်မူသည့်သုတ်။ []

ကိုးကား

  1. -သံ၊၁၊၇၃-၄။ သံ၊မြန်၊၁၊၇၃။ သံ၊ဋ္ဌ၊၁၊၁၂၈။ သံ၊ဋီ၊၁၊၁၇၈။ -သံယုတ္တနိကာယ၊ သဂါထာဝဂ္ဂသံယုတ္တ၊ ၃-ကောသလသံယုတ္တ၊ ပဌမဝဂ္ဂ၊ ဆဋ္ဌသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya