အဗျာကတသုတ်
[၁] အညတရရဟန်း၏ လျှောက်ထားချက်အရ - (က) ဒိဋ္ဌိ ချုပ်ခြင်းကြောင့် အဗျာကတဝတ္ထု (မဖြေဆိုအပ်သောမေးခွန်းလေးခု)တို့၌ ဝိစိကိစ္ဆာမဖြစ်ပုံ၊ (ခ)အဿုတဝန္တ ပုထုဇဉ်သည် ဒိဋ္ဌိနှင့်စပ်သော သစ္စာလေးပါးတရားကို မသိခြင်းကြောင့် ဒိဋ္ဌိတိုးပွားပြီး ဇာတိဒုက္ခအစရှိသည်တို့မှ မလွတ်မြောက်ပုံ၊ (ဂ) သုတဝန္တအရိယာ သာဝကသည် ဒိဋ္ဌိနှင့်စပ်သော သစ္စာလေးပါးတရားကို သိမြင်ခြင်းကြောင့် ဒိဋ္ဌိချုပ်ပုံ ဇာတိအစရှိသော ဒုက္ခတရားတို့မှ လွတ်မြောက်ပုံ, အဗျာကတဝတ္ထုတို့၌ မဖြေဆိုပုံ, ဒိဋ္ဌိဖြင့်တုန်လှုပ်ခြင်း ပူပန်ခြင်း မရှိပုံ၊ (ဃ) အဗျာကတဝတ္ထုလေးပါးသည် ဒိဋ္ဌိနှင့် တကွ ဖြစ်သော တဏှာ, သညာ, မာန, ပပဉ္စဒိဋ္ဌုပါဒါန်, ဝိပ္ပဋိသာရများဖြစ်ပုံ၊ ယင်းတို့နှင့် စပ်သော သစ္စာလေးပါးတရားကို မသိခြင်းကြောင့် အဿုတဝန္တပုထုဇဉ်အား ယင်း တရားတို့ တိုးပွားလာပုံ၊ ဇာတိဒုက္ခအစရှိသည်တို့မှ မလွတ်နိုင်ပုံ၊ (င) သုတဝန္တ အရိယာ သာဝကအား သစ္စာလေးပါးတရားကို သိခြင်းကြောင့် ယင်းအဗျာကတဝတ္ထုတို့ကို မဖြေကြားပုံ၊ ဒိဋ္ဌိကြောင့် တုန်လှုပ်ခြင်းမရှိပုံ၊ ပူပန်ခြင်းမရှိပုံ၊ အဗျာကတဝတ္ထုတို့၌ ဝိစိကိစ္ဆာမဖြစ်တော့ပုံကို တစ်ခုစီ တစ်ခုစီ အကျယ်ဟောတော်မူသည့်သုတ်။ [၂] ကိုးကား
|
Portal di Ensiklopedia Dunia