အဘဗ္ဗဋ္ဌာနသုတ်
(၄)သုတ် ရှိပါသည်။ [၁] ဘုရား, တရား, သံဃာ-ဟူသော ရတနာသုံးပါး, သိက္ခာသုံးပါးတို့ကို မရိုမသေ အလေးအမြတ် မပြုပဲနေခြင်း၊ မလွန်ကျူးအပ်သော ဝေရ (သီလ) ငါးပါးကိုလွန်ကျူးခြင်း၊ (၆၂)ပါးသော မိစ္ဆာအယူကိုယူခြင်း၊ (၈)ခုမြောက်ဘဝ၌ ပဋိသန္ဓေနေခြင်း-ဟူသော သောတာပန်ပုဂ္ဂိုလ် မဖြစ်ထိုက်သော အကြောင်းတရား (၆)ပါးတို့ကို ဟောတော်မူသည့်သုတ်။ [၂] သင်္ခါရတရားတစ်ပါးပါးကို နိစ္စ, သုခ, အတ္တဟု (ကပ်ရောက်ခြင်း) ရှူခြင်း၊ အာနန္ဒရိယကံငါးပါးကိုပြုလုပ်ခြင်း၊ အမြင် (ဒိဋ္ဌိ), အကြား (သုတ), အတွေ့ (မုတ) ကိုစွဲ၍ ကြံစည်အပ်သောမင်္ဂလာဖြင့် သံသရာမှစင်ကြယ်၏ဟု သိမြင်ခြင်း၊ ဤဘုရားရှင် သာသနာတော်မှ အပြင်အပ၌ မြတ်သောအလှူခံကို ရှာမှီးခြင်း-ဟူသော သောတာပန် ပုဂ္ဂိုလ်မဖြစ်ထိုက်သော အကြောင်းတရား (၆)ပါးတို့ကို ဟောတော်မူသည့်သုတ်။ [၃] အာနန္ဒရိယငါးပါးကို ပြုလုပ်ခြင်း၊ ဘုရားရှင်မှ တပါးသောပုဂ္ဂိုလ်ကို မိမိဆရာ ဟုညွှန်ပြခြင်း-ဟူသော သောတာပန်ပုဂ္ဂိုလ်မဖြစ်မပြုမလုပ်သော အကြောင်းတရား (၆)ပါးတို့ကို ဟောတော်မူသည့်သုတ်။ [၄] သောတာပန်အရိယာသာဝကသည် အကြောင်းတရား, အကြောင်းကြောင့်ဖြစ်သော အကျိုးတရားတို့ကို (မှန်ကန်စွာ) သိမြင်ပြီးဖြစ်သောကြောင့် သုခ, ဒုက္ခကို ကိုယ်တိုင်ပြုအပ်၏-ဟူ၍၎င်း၊ သူတပါးသည်ပြုအပ်၏-ဟူ၍၎င်း၊ ကိုယ်တိုင်လည်း ပြုအပ်, သူတပါးတို့လည်းပြုအပ်၏-ဟူ၍၎င်း၊ သုခ, ဒုက္ခတို့သည် ကိုယ်တိုင်မပြု အကြောင်းကင်း၍ ဖြစ်၏-ဟူ၍၎င်း၊ ကိုယ်တိုင်လည်းမပြု သူတပါးလည်းမပြု အကြောင်းကင်း၍ ဖြစ်၏-ဟူ၍၎င်း (သိမြင်ခြင်းငှာ) ကပ်ရောက်ခြင်းငှာ မဖြစ်ထိုက်ဟု သောတာပန်အရိယာသာဝက မဖြစ်ထိုက်သော အကြောင်းတရား (၆)ပါးတို့ကို ဟောတော်မူသည့်သုတ်။ [၅] ကိုးကား
|
Portal di Ensiklopedia Dunia