အဘဗ္ဗသုတ်
(၃)သုတ် ရှိပါသည်။ [၁] သောတာပန်ပုဂ္ဂိုလ်သည် သက္ကာယဒိဋ္ဌိ, ဝိစိကိစ္ဆာ, သီလဗ္ဗတပရာမာသ အပါယ်သို့ ရောက်စေနိုင်သော ရာဂ, ဒေါသ, မောဟ-ဟူသော တရားခြောက်မျိုးကို မဖြစ်စေထိုက်တော့ပုံကို ဟောတော်မူသည့်သုတ်။ [၂] ရာဂ, ဒေါသ, မောဟ, ကောဓ, ဥပနာဟ, မက္ခ, ပဠာသ, ဣဿာ မစ္ဆရိယ-ဟူသော တရား (၉) မျိုးတို့ကို မပယ်မစွန့်ပဲ အရဟတ္တဖိုလ်ကို မျက်မှောက် (မပြုနိုင်) ပြုရန်မဖြစ်ထိုက်။ ယင်းတရား (၉)မျိုးတို့ကို ပယ်စွန့်နိုင်မှသာလျှင် အရဟတ္တဖိုလ်ကို မျက်မှောက်ပြုနိုင်သည်ဟု ကဏှပက္ခ, သုက္ကပက္ခအားဖြင့် ဟောတော်မူသည့်သုတ်။ [၃] ရာဂ, ဒေါသ, မောဟ, ကောဓ, ဥပနာဟ, မက္ခ, ပဠာသ, ဣဿာ မစ္ဆရိယ, မာန-ဟူသော တရား (၁၀)ပါးတို့ကို မပါယ်မစွန့်နိုင်ပဲ အရဟတ္တဖိုလ်ကို မျက်မှောက် (မပြုနိုင်) ပြုခြင်းငှာမထိုဂ်။ ထိုဆယ်ပါးသောတရားတို့ကို ပယ်စွန့်နိုင်မှသာလျှင် အရဟတ္တဖိုလ်ကို မျက်မှောက်ပြု (နိုင်သည်)ခြင်းငှာ ထိုက်သည်ဟု ကဏှပက္ခ, သုက္ကပက္ခအားဖြင့် ဟောတော်မူသည့်သုတ်။ [၄] ကိုးကား
|
Portal di Ensiklopedia Dunia