အဘယရာဇကုမာရသုတ်

နိဂဏ္ဌနာဋပုတ္တဆရာကြီးက သာမန်ပုဂ္ဂိုလ်တို့ မထွေးနိုင် မမျိုနိုင်သောဝတ္ထုပစ္စည်းကဲ့သို့ စကားပြောဆိုမှုနှင့်ပတ်သက်၍ အစွန်းနှစ်ဖက်ထွက်သော မေးခွန်း နှစ်ခုကိုစီစဉ်ပေးပြီး “ကျော်စောထင်ရှားသူ တစ်ဦးဖြစ်ရန်အတွက် ဤမေးခွန်းကို ရဟန်းဂေါတမထံသွား၍ မေးပါ”ဟု အဘယမင်းသားကို စေလွှတ်လိုက်ပါသည်။ အဘယမင်းသားက မြတ်စွာဘုရားရှင်နှင့်တကွ ရဟန်းတော်သုံးပါး မိမိအိမ်သို့ ဆွမ်းဘုဉ်းပေးကြွတော်မူရန် ပင့်လျှောက်ပြီး မိမိနေအိမ်သို့ ကြွတော်မူလာသော ဘုရားရှင်အား နိဂဏ္ဌဆရာကြီး စီစဉ်ပေးထားသော ပြဿနာနှစ်ခုကို မေးလျှောက်ပါသည်။ ဘုရားရှင်က “သူငယ်ဥပမာဖြင့် ရှင်းလင်းဖြေကြားတော်မူပြီး သုဂတဂုဏ်တော်နှင့်စပ်သည့် စကားခြောက်ခွန်းကို အကျယ်တဝင့် ရှင်းလင်းဟောတော်မူပါသည်။ ဒေသနာတော်အဆုံး၌ အဘယမင်းသားက “ပြဿနာဖြေဆိုရာ၌ ဘုရားရှင်အား ကြိုတင်ပြင်ဆင်ထားမှုရှိ/မရှိ” မေးလျှောက်ပါသည်။ ဘုရားရှင်က ဥပမာစကားဖြင့် ဖြေကြားတော်မူပါသည်။ အဘယမင်းသားက ဥပါသကာအဖြစ် အသိအမှတ်ပြုတော် မူပါရန် လျှောက်ထားပါသည်။ ။

အဋ္ဌကထာ၌ -အထက်ပါပြဿနာနှစ်ခုကို နိဂဏ္ဌဆရာကြီး လေးလတိတိ ကြံစည်အားထုတ်ရပုံ၊ ပြဿနာမေးရန်အတွက် အဘယမင်းသားကိုရွေးချယ်ပုံ၊ အဘယမင်းသား၏ အတွေးအခေါ်များ၊ ပြဿနာမေးရာ၌ မရိုးသားသူများ၏ ပင်ကိုသဘာဝ၊ ပဌမစကားနှင့်စပ်သည့် သေသောက်ကြူးဥပမာ အစရှိသည် သိမှတ်ဖွယ်များကို ဖွင့်ပြထားပါသည်။ [] []

ကိုးကား

  1. -မ၊၂၊၅၄-၈။ မ၊မြန်၊၂၊၆၀-၄။ မ၊ဋ္ဌ၊၃၊၇၆-၈၀။ မ၊ဋီ၊၃၊၄၇-၅၀။ -မဇ္ဈိမနိကာယ၊ မဇ္ဈိမပဏ္ဏာသက၊ ၁-ဂဟပတိဝဂ္ဂ၊ အဋ္ဌမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya