အဘိနန္ဒသုတ်
(၃)သုတ် ရှိပါသည်။ [၁] ပထဝီ, အာပေါ, တေဇော, ဝါယောတို့တွင် တစ်ပါးပါးကို လွန်စွာနှစ်သက် သူသည် ဆင်းရဲဒုက္ခကို နှစ်သက်သူမည်၏။ ဆင်းရဲဒုက္ခကို နှစ်သက်သောသူသည် ဆင်းရဲဒုက္ခမှ မလွတ်မြောက်နိုင် အစရှိသည်ဖြင့် သုက္ကပက္ခ, ကဏှပက္ခနှစ်မျိုးခွဲ၍ ဟောတော်မူသည့်သုတ်။ [၂] စက္ခုကို လွန်လွန်ကဲကဲ နှစ်သက်သူသည် ဒုက္ခကို လွန်လွန်ကဲကဲ နှစ်သက်သူ မည်၏။ ထိုသူသည် ဆင်းရဲဒုက္ခမှ မလွတ်မြောက်နိုင်သူဟု ငါဘုရား ဟောကြားတော်မူ၏။ စက္ခုကို လွန်လွန်ကဲကဲ မနှစ်သက်သူသည် ဒုက္ခကို လွန်လွန်ကဲကဲ မနှစ်သက်၊ ထိုသူသည် ဆင်းရဲဒုက္ခမှ လွတ်မြောက်နိုင်သူပေတည်း-ဟု ငါဘုရား ဟောတော်မူ၏ အစရှိသည်ဖြင့် အဇ္ဈတ္တိကာယတန ၆-ပါးတို့ကို ကဏှပက္ခ, သုက္ကပက္ခဒေသနာတော်ဖြင့် ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။ [၃] ဗဟိဒ္ဓါယတန ၆-ပါးကို အထက်သုတ် ဒေသနာတော်အတိုင်း ကဏှပက္ခ, သုက္ကပက္ခဒေသနာတော်ဖြင့် ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။ [၄] ကိုးကား
|
Portal di Ensiklopedia Dunia