အရညာယတနဣသိသုတ်
[၁] ဝေပစိတ္တအသူရာနှင့် သိကြားမင်းတို့ ရှေးအခါက သီလရှိကြကုန်သော ကောင်းသောအကျင့်ရှိကြကုန်သော ဟိမဝန္တာ၌ နေကြကုန်သော ရသေ့တို့၏ တောရ ကျောင်းတို့သို့ ချဉ်းကပ်ရောက်ရှိလာကြရာ ဝေပစိတ္တအသူရာသည် အထပ်အလွှာများ သော ဖိနပ်တို့ကို စီးနင်းလျက် သန်လျက်ကိုလွယ်ပြီး နတ်ထီးဖြူကို ဆောင်း၍ တံခါးဦးဖြင့် သင်္ခမ်းကျောင်းသို့ ဝင်ကာ သီလရှိသော ရသေ့မြတ်တို့ကို မကိုင်းမညွတ် အရိုအသေ အလေးအမြတ်မပြုဘဲ ထွက်ခွါသွားပုံ၊ သိကြားမင်းသည်ကား အထပ် အလွှာများသော ဖိနပ်တို့ကိုချွတ်လျက် သန်လျက်ကို အခြားသူတို့အားပေး၍ နတ်ထီးကို ဖယ်ရှားစေလျက် တံခါးဦးဖြင့်သာ သင်္ခမ်းကျောင်းသို့ဝင်၍ သီလရှိသော ရသေ့ မြတ်တို့ကို လေအောက်မှနေ၍ လက်အုပ်ချီမိုး ရှိခိုးပြီးနေပုံ၊ ရသေ့မြတ်တို့က မိမိတို့၏ ကိုယ်ခန္ဓာသည် စက်ဆုပ်ရွံရှာဖွယ်ရှိခြင်းကြောင့် ဖဲခွါထွက်ပါဟု ပြောကြရာ သိကြားမင်းက အလွန်ဆန်းကြယ်သော အပွင့်ရှိသော အနံ့နှင့် ပြည့်စုံသော ပန်းကို ဦးခေါင်း၌ ပန်ဆင်ရန် အလိုရှိကြကုန်သကဲ့သို့ သီလရှိသော ပုဂ္ဂိုလ်တို့၏အနံ့ကို အလိုရှိကြ ပါကြောင်း စက်ဆုပ်ဖွယ် မထင်မှတ်ပါကြောင်း လျှောက်ထားပုံကို ဟောတော်မူသည့်သုတ်။ အဋ္ဌကထာ၌ -သိကြားမင်းသည် ဝေပစိတ္တအသူရာ၏ သမက်, ဝေပစိတ္တ အသူရာသည် သိကြားမင်း၏ ယောက္ခမတော်စပ်ပုံ၊ ရံဖန် ရံခါ အတူသွားကြပြီး၊ ရံဖန် ရံခါ ရန်ဖြစ်တတ်ပုံ အစရှိသည်တို့ကို ဖွင့်ပြထားပါသည်။ ဋီကာ၌ -သီလဝန္တပုဂ္ဂိုလ်တို့၏ ဂုဏ်တို့ကို ရိုသေလေးစားကြပုံကို ဖွင့်ပြထားပါသည်။ [၂] ကိုးကား
|
Portal di Ensiklopedia Dunia