အရဏဝိဘင်္ဂသုတ်

(၁) ဟီန, ဂါမ္မ, ပေါထုဇ္ဇနိက, အနရိယ, အနတ္ထသံဟိတ (သဿတဒိဋ္ဌိ)ဖြစ်သော ကာမသုခလ္လိကာနုယောဂအစွန်းတရားနှင့် ဒုက္ခ, အနရိယ, အနတ္ထသံဟိတ (ဥစ္ဆေဒဒိဋ္ဌိ) ဖြစ်သော အတ္တကိလမထာနုယောဂအစွန်းတရားတို့ကို အားမထုတ်ရာ။ ။

(၂) ဤအစွန်းနှစ်ရပ်သို့မကပ်ရောက်ပဲ မြတ်စွာဘုရားရှင်သည် ထိုးထွင်း၍ သိမြင်အပ်သော မဂ္ဂင်ရှစ်ရပ် မဇ္ဈိမပဋိပတ်အကျင့်မြတ်သည် သစ္စာလေးချက်ကို ကွက်ကွက် ကွင်းကွင်း လင်းလင်း ထင်ထင် သိမြင်နိုင်သော ပညာမျက်စိကို ပြုတတ်၏။ သစ္စာလေးဆိုင်ကို ပိုင်ပိုင်မိမိသိခြင်းကို ပြုတတ်သော ဉာဏ်ပညာကို ပြုတတ်၏။ ကိလေသာဟူ အပူမလိမ်း ငြိမ်းအေးခြင်းငှာ ထူးသောအရဟတ္တမဂ်ဉာဏ်ဖြင့် ထိုထွင်း သိမြင်ခြင်းငှာ နိဗ္ဗာန်အကျိုးငှာ ဖြစ်၏။

(၃) မမှန်မကန် မြှောက်ပင့်၍ ပြောဆိုခြင်း၊ မမှန်မကန် ကဲ့ရဲ့ရှုံ့ချခြင်းတို့ကို ခွဲခြားသိမြင်၍ တစ်စုံတစ်ယောက်သောသူကိုမျှ အခြောက်တိုက် မမြှောက်ပင့်ရ၊ မကဲ့ရဲ့ မရှုံ့ချရ၊ အဟုတ် အမှန် သဘာဝကိုသာလျှင် ပြောဆိုရမည်။

(၄) (နေက္ခမ္မသုခ, ပဝိဝေကသုခ, ဥပသမသုခ-ဟူသော မှန်ကန်သော)သုခ အဆုံးအဖြတ်ကို သိအောင်ပြုပြီး မိမိသန္တာန်၌ ယင်းသုခသုံးမျိုးတို့ ဖြစ်ပွားအောင်အား ထုတ်ရမည်။

(၅) အဘူတ, အတစ္ဆ၊ အနတ္ထသံဟိတဖြစ်သော မျက်ကွယ်နောက်ပါး အပြစ်စကား ပြောကြားခြင်း၊ (ပိသုဏဝါစာ)ကို မပြောမဆိုရာ၊ အဘူတ, အတစ္ဆ အနတ္ထသံဟိတဖြစ်သော ရှေ့တွင်မျက်မှောက် ကဲ့ရဲ့ရှုံ့ချသော စကားကို မပြော မဆိုရာ။

(၆) မလျင် မမြန်ပြောဆိုရမည်၊ လျင်လျင်မြန်မြန် မပြောဆိုရ။

(၇) ဇနပုဒ်သူမှ ဇနပုဒ်သား လူအများတို့၏ ဘာသာအသုံးအနှုံး စကားလုံးကို ယူ၍ မသုံးစွဲ မပြောဆိုရာ၊ လူတို့ ခေါ်ဝေါ်သတ်မှတ် ပညတ်ချက်ကို လွန်၍ မပြောဆိုရာ-ဟူသော ခေါင်းစဉ် ၇-ပါးကို အကျယ်တဝင့် ရှင်းလင်း၍ ဟောတော်မူသည့်သုတ်။

သုတ်တော်၏ အဆုံး၌ -စုတ်နွမ်းစေတတ်သော ကိလေသာဟူ မြူရှိသောတရား၊ ကိလေသာဟူ မြူမရှိသောတရားတို့ကို ခွဲခြား သိအောင်ပြု၍ စုတ်နွမ်းစေတတ်သော ကိလေသာဟူ မြူမရှိသော အကျင့်တရားကို ကျင့်ကြကုန်အံ့-ဟု ကျင့်ကြရမည်၊ ရဟန်းတို့ သုဘူတိအမျိုးကောင်းသားသည် အရဏပဋိပဒါကို ကျင့်သုံးသူပေတည်းဟု မိန့်တော်မူခဲ့ပါသည်။

အဋ္ဌကထာ၌ -ဘုရားရှင်နှင့် အရှင်သာရိပုတ္တရာ အစရှိသော မထေရ်တို့၏ ဓမ္မဒေသနာနှင့် အရှင်သုဘူတိထေရ်၏ ဓမ္မဒေသနာတို့ ခြားနားပုံ၊ အရှင်သုဘူတိထေရ်၏ ဧတဒဂ်ဘွဲ့တော်နှစ်မျိုး၊ အရှင်သာရိပုတ္တရာနှင့် အရှင်သုဘူတိထေရ်တို့၏ ဒက္ခိဏာဝိသုဒ္ဓိ၊ သီဟိုဠ်ကျွန်း ပိင်္ဂလဗုဒ္ဓရက္ခိတမထေရ်အကြောင်းတို့ကို ဖွင့်ပြထားပါသည်။ [] []

ကိုးကား

  1. -မ၊၃၊၂၇၁-၂၈၀။ မ၊မြန်၊၃၊၂၇၆-၂၈၄။ မ၊ဋ္ဌ၊၄၊၁၉၂-၄။ မ၊ဋီ၊၃၊၃၉၀-၂။ -မဇ္ဈိမနိကာယ၊ ဥပရိပဏ္ဏာသ၊ ၄-ဝိဘင်္ဂဝဂ္ဂ၊ နဝမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya