အရိယဝံသသုတ်
[၁] စီဝရ, ပိဏ္ဍပါတ, သေနာသန, ဘာဝနာရာမ-ဟူသော အရိယဝံသတရား လေးပါးတို့ကို ဝေဖန်၍ ဟောတော်မူသည့်သုတ်။ အဋ္ဌကထာ၌ -ဤမဟာအရိယဝံသသုတ်တော်ကို ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော် ဗုဒ္ဓါသန၌ ရဟန်းတော် လေးသောင်းတို့အား ဟောတော်မူပုံ၊ (က) ဝံသ ၈-မျိုး၊ အရိယ, အရိယဝံသ အမည်ရသောပုဂ္ဂိုလ်များ၊ ကပ္ပိယ စီဝရ အကပ္ပိယစီဝရ၊ စီဝရခေတ် ၆-ပါး၊ ၈-ပါး၊ ပံသုကူသင်္ကန်း ၂၃-မျိုး၊ စီဝရသန္တောသ ၂၀၊ စီဝရပဋိသံယုတ္တဓုတင် ၂-မျိုး၊ (ခ) ဆွမ်း ၁၆-မျိုး၊ ပိဏ္ဍပါတခေတ် ၁၅-မျိုး၊ ပိဏ္ဍပါတသန္တောသ ၁၅-မျိုး၊ ပိဏ္ဍပါတ ပဋိသံယုတ္တဓုတင် ၅-မျိုး၊ (ဂ) သေနာသန ၁၅-မျိုး၊ သေနာသနခေတ် ၆-မျိုး၊ သေနာသနသန္တောသ ၁၅-မျိုး၊ သေနာသနပဋိသံယုတ္တဓုတင် ၅-မျိုး၊ ဂိလာနပစ္စယသည် ပိဏ္ဍပါတ၌ ပါဝင်ပုံ၊ ဓုတင်္ဂ ဂါထာများ၊ (ဃ) ဘာဝနာရာမ အကြောင်း၊ ရှေ့အရိယဝံသတရား ၃-ပါးဖြင့် ဝိနယပိဋက၊ ဘာဝနာ ရာမဖြင့် ကြွင်းပိဋက ၂-ပုံကို ဟောရာရောက်ပုံ၊ သုတ္တန်အဆုံး၌ ရဟန်းတော် လေးသောင်းတို့ ရဟန္တာဖြစ်ပုံ အစရှိသည်တို့ကို အကျယ်တဝင့် ဖွင့်ပြထားပါသည်။ ဋီကာ၌လည်း အဋ္ဌကထာလာပါလို့ မှတ်သားဖွယ် အဖွင့်များကို တွေ့နိုင်ပါသည်။ [၂] ကိုးကား
|
Portal di Ensiklopedia Dunia