အရိယသာဝကသုတ်
(၂)သုတ် ရှိပါသည်။ [၁] အကြားအမြင်နှင့် ပြည့်စုံသော အရိယာသာဝကအား ပဋိစ္စသမုပ္ပါဒ် အနုလုံပဋိလုံဖြစ်ပုံနှင့် ဆက်စပ်၍ သံသယမရှိ၊ ပဋိစ္စသမုပ္ပါဒ အနုလောမဒေသနာ, ပဋိလောမ ဒေသနာ အတိုင်း လောကဖြစ်ပုံနှင့် ချုပ်ပုံကို ဉာဏ်ပညာဖြင့် သိမြင်၏။ လောကဖြစ်ပုံ ချုပ်ပုံကို အမှန်အတိုင်းသိသော အရိယာသာဝကကို မှန်ကန်သောအယူနှင့် ပြည့်စုံသူ၊ မှန်ကန်သောဉာဏ်အမြင်နှင့် ပြည့်စုံသူ၊ ဤသူတော်ကောင်းတရားသို့ ရောက်သူ၊ ဤသူတော်ကောင်းတရားကို မြင်သူ၊ ကျင့်ဆဲ “သေက္ခ”ဉာဏ်နှင့် ပြည့်စုံသူ၊ ကျင့်ဆဲ သေက္ခဝိဇ္ဇာနှင့် ပြည့်စုံသူ၊ တရားအယဉ်သို့ ကောင်းစွာရောက်သူ၊ ကိလေသာတို့ကို ဖောက်ခွဲနိုင်သော အရိယာပညာရှိသူ၊ အမြိုက်နိဗ္ဗာန်တံခါးဝသို့ ရောက်၍ တည်နေသူ-ဟု ဆိုအပ်၏ဟု ဟောတော်မူသည့်သုတ်။ [၂] အထက်သုတ်အတိုင်းပင် ဟောတော်မူသည့်သုတ်။ နဝမသုတ်၌ ဝိညာဏ်က စ၍ ဟောတော်မူသည်။ ဒသမသုတ်၌ အဝိဇ္ဇာက စ၍ ဟောတော်မူသည်-ဟု သုတ် နှစ်သုတ် ထူးခြားကြောင်း အဋ္ဌကထာ/ဋီကာ-တို့၌ ပြဆိုထားပါသည်။ [၃] ကိုးကား
|
Portal di Ensiklopedia Dunia