အရုဏဝတီသုတ်

[] အရုဏဝါမင်း၏ နေပြည်တော် အရုဏမြို့ဝယ် သိခီဘုရားရှင် လက်ထက်တော် အခါ သိခီဘုရားရှင်နှင့် အဘိဘူ (လက်ျာတော်ရံ အဂ္ဂသာဝက)ထေရ်တို့ ဗြဟ္မာဘုံသို့ ကြွရောက်၍ သိခီဘုရားရှင်၏ မိန့်တော်မူချက်ဖြင့် အဘိဘူထေရ်က ဗြဟ္မာပရိသတ်၌ ဝိကုဗ္ဗနိဒ္ဓိဖြင့် တရားဟောတော်မူပုံ၊ ဘုရားရှင်၏ ခွင့်ပြုတော်မူချက်အရ “အာရမ္ဘထ” အစရှိသော ဂါထာနှစ်ပုဒ်ကို တိသဟဿလောကဓာတ်ကို ကြားသိအောင် ဟောကြားတော်မူပုံ၊ ယင်းဂါထာနှစ်ပုဒ်ကို လူ့ပြည်က ရဟန်းတော်များ ကြားနာရကြောင်းကို အကျယ်ဟောတော်မူသည့်သုတ်။

လက်ဝဲတော်ရံ အဂ္ဂသာဝကထေရ်သည် အရှင်သမ္ဘဝ ဖြစ်ပါသည်။ []

ကိုးကား

  1. -သံ၊၁၊၁၅၇-၉။ သံ၊မြန်၊၁၊၁၄၈-၁၅၂။ သံ၊ဋ္ဌ၊၁၊၂၀၃-၄။ သံ၊ဋီ၊၁၊၂၅၀-၁။ -သံယုတ္တနိကာယ၊ သဂါထာဝဂ္ဂသံယုတ္တ၊ ၆-ဗြဟ္မသံယုတ္တ၊ ဒုတိယဝဂ္ဂ၊ စတုတ္ထသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya