အလံသုတ်
(၂)သုတ် ရှိပါသည်။ [၁] ၁။ ကုသိုလ်တရားတို့၌ လျင်မြန်စွာ သိနိုင်ခြင်း၊ ၂။ကြားနာအပ်ပြီးသောဓမ္မတို့ကို ဆောင်ထားနိုင်ခြင်း၊ ၃။ ဆောင်ထားပြီးသောဓမ္မတို့၏ အနက်အဓိပ္ပါယ်ကို စူးစမ်း ဆင်ခြင်နိုင်ခြင်း၊ ၄။အနက်အဓိပ္ပါယ်နှင့် ပါဠိကို သိ၍ ဓမ္မာနုဓမ္မကို ကျင့်ဆောင်ခြင်း၊ ၅။ကောင်းသောစကားလည်းရှိ၊ ကောင်းသောမြွက်ဆိုသံလည်းရှိ၊ သန့်ရှင်းပြီး အပြစ်ကင်း၍ အနက်အဓိပ္ပါယ်ကို သိနိုင်သော သိမ်မွေ့နူးညံ့သော စကားရှိခြင်း၊ ၆။ သီတင်းသုံးဖော်တို့ကို တရားစကားဖြင့် အကျိုးစီးပွားကို သိမြင်စေနိုင်, တရားကို ဆောက်တည်စေတတ်၊ တရားကျင့်သုံးရန် ထက်သန်ရွှင်လန်းစေနိုင်ခြင်း-ဟူသော တရား ၆-ပါးတို့နှင့် ပြည့်စုံသော ရဟန်းတော်သည် မိမိ, သူတပါး အကျိုးစီးပွားကို ပြုကျင့်စွမ်းနိုင်၏။ အထက်ပါတရား ၆-ပါးတို့တွင် အမှတ် (၁)တရားမှတပါး တရားငါးပါးတို့နှင့် ပြည့်စုံသော ရဟန်းသည်လည်း မိမိ, သူတပါး အကျိုးစီးပွားကို ပြုကျင်စွမ်းနိုင်၏။ အမှတ် (၁၊၂၊၃၊၄)ဟူသော တရားလေးပါးနှင့် ပြည့်စုံသောရဟန်း၊ အမှတ် (၂) ၃၊၄၊)ဟူသော တရားသုံးပါးတို့နှင့် ပြည့်စုံသောရဟန်း၊ အမှတ် (၃၊ ၄)ဟူသော တရားနှစ်ပါးနှင့် ပြည့်စုံသောရဟန်း၊ ဤရဟန်းသုံးပါးတို့သည်ကား မိမိ၏ အကျိုး စီးပွားကိုသာ ပြုစွမ်းနိုင်၏။ သူတပါး၏ အကျိုးစီးပွားကို မပြုကျင့်နိုင်။ အမှတ် (၁၊၂၊၄၊၅)ဟူသော တရားလေးပါးတို့နှင့် ပြည့်စုံသောရဟန်း၊ အမှတ် (၁၊၂၊၄၊၅)ဟူသော တရားလေးပါးတို့နှင့် ပြည့်စုံသောရဟန်း၊ အမှတ် (၂၊၄၊၅) ဟူသော တရားသုံးပါးတို့နှင့် ပြည့်စုံသောရဟန်း၊ အမှတ် (၄၊ ၅)ဟူသော တရား နှစ်ပါးတို့နှင့် ပြည့်စုံသောရဟန်း၊ ဤရဟန်းသုံးမျိုးတို့သည်ကား သူတစ်ပါး၏ အကျိုးစီးပွားများရန်သာ ပြုစွမ်းနိုင်၏။ မိမိ၏ အကျိုးစီးပွားများရန် မပြုစွမ်းနိုင် ဟု ဘုရားရှင်က အကျယ် ဟောတော်မူသည့်သုတ်။ အဋ္ဌကထာ၌ -ဤသုတ်ဝယ် သမထ, ဝိပဿနာ တရားနှစ်ပါးတို့ကို ဟောတော်မူသည်ဟု မိန့်ဆိုထားပါသည်။ [၂] အထက်သုတ်တော်အတိုင်းပင် အရှင်သာရိပုတ္တရာက ရဟန်းတို့အား ဟောတော်မူသည့်သုတ်။ [၃] ကိုးကား
|
Portal di Ensiklopedia Dunia