အဝဏ္ဏာရဟသုတ်
(၄)သုတ် ရှိပါသည်။ [၁] ဉာဏ်ပညာဖြင့် မစူးစမ်း မဆင်ခြင်ပဲ (၁)ကဲ့ရဲ့ထိုက်သူကို ချီးမွမ်းခြင်း၊ (၂)ချီးမွမ်းထိုက်သူကို ကဲ့ရဲ့ခြင်း၊ (၃) မကြည်ညိုသင့်သောအရာ၌ ကြည်ညိုခြင်း၊ (၄) ကြည်ညိုသင့်သောအရာ၌ မကြည်ညိုခြင်း-ဟူသော တရားလေးပါးနှင့် ပြည့်စုံသူသည် ငရဲ၌ ဖြစ်ရသည်၊ ယင်းတရားလေးပါး၏ ဆန့်ကျင်ဘက် တရားလေးမျိုးနှင့် ပြည့်စုံသူသည် နတ်ပြည်၌ ဖြစ်ရသည်ဟု ကဏှပက္ခ, သုက္ကပက္ခအားဖြင့် ဟောတော်မူသည့်သုတ်။ [၂] -ပထမသုတ်၌ -အထက်သုတ်တော်လာ တရားလေးပါးနှင့် သဒ္ဓါတရားဖြင့် လှူအပ်သော ပစ္စည်းကို ဖျက်ဆီးခြင်းကိုလည်းကောင်း၊ -ဒုတိယသုတ်၌ -အထက်သုတ်တော်လာ တရားလေးပါးတွင် အမှတ် (၃)တရား၌ ကျောင်း၌ဝန်တိုခြင်း၊ ကျောင်း၌ မက်မောခြင်းကိုလည်းကောင်း၊ -တတိယသုတ်၌ -ဒုတိယသုတ်လာ တရားလေးပါးတွင် လာဘ်၌ ဝန်တိုခြင်းတရားကို လည်းကောင်း၊ လဲလှယ်၍ အာဝါသိက (ကျောင်းထိုင်)ရဟန်း၏ ငရဲသို့ရောက်နိုင်သော အပြစ်ငါးမျိုး၊ နတ်ပြည်သို့ရောက်နိုင်သော တရားငါးမျိုးတို့ကို ကဏှပက္ခ, သုက္ကပက္ခခွဲခြား၍ ဟောတော်မူသည်။ [၃] ကိုးကား
|
Portal di Ensiklopedia Dunia