အသိဗန္ဓကပုတ္တသုတ်
[၁] ဘုရားရှင် နာဠန္ဒမြို့ ပါဝါရိကမ္ဗဝန်ကျောင်းတိုက်ဝယ် နေတော်မူစဉ် အသိဗန္ဓက၏သားဖြစ်သူ ရွာသူကြီးက “ဗြာဟ္မဏများက သေသောသူကို ဗြဟ္မာပြည်, နတ်ပြည်သို့သွားရောက်စေကြကုန်သကဲ့သို့ ဘုရားရှင်သည်လည်း လောကသား အားလုံးတို့ကို ကွယ်လွန်ပြီးနောက် နတ်ပြည်သို့ရောက်အောင်ပြုပေးနိုင်သလော” ဟု မေးလျှောက်ချက်အရ ဘုရားရှင်က “ရေနက်ရာ၌ နစ်မြုပ်နေသော ကျောက်ဖျာကြီးကို ရေပေါ် ပေါ်တက်လာအောင် လူအများစုပေါင်း၍ တောင်းပန် ချီးမွမ်း လက်အုပ်ချီဆုတောင်းပေးရုံဖြင့် မဖြစ်နိုင်သလို ဒုစရိုက်သမားကို သေပြီးနောက် နတ်ပြည်ရောက်အောင် ပြုလုပ်မပေးနိုင်ပုံ၊ ထောပတ်အိုး, ဆီအိုးကို ရေနက်ရာ၌ နှစ်မြှုပ်၍ ခွဲလိုက်သည့်အခါ ထောပတ်နှင့် ဆီတို့ကို ရေပေါ် တက်မလာအောင် လူအများတို့ စုပေါင်း၍ တောင်းပန်ခြင်း, ချီးမွမ်းခြင်း, လက်အုပ်ချီမိုး ဆုတောင်းခြင်းတို့ဖြင့် မပြုလုပ်နိုင်သလို သုစရိုက်သမားကိုလည်း ကွယ်လွန်ပြီးနောက် အပါယ် လေးပါးရောက်အောင် မပြုလုပ်နိုင်ပုံတို့ကို ရှင်းလင်းဟောကြားတော်မူသည့်သုတ်။ [၂] ကိုးကား
|
Portal di Ensiklopedia Dunia