အာနေဉ္ဇသပ္ပါယသုတ်
ဤသုတ်ကို ဘုရားရှင်သည် ကမ္မာသဒမ္မနိဂုံး၌ ရဟန်းတို့အား ဟောတော်မူသည်၊ဝတ္ထုကာမ, ကိလေသာကာမတို့သည် အနိစ္စ၊ တုစ္ဆမုသာ၊ မောဃဓမ္မ၊ မာယာကတ၊ ဗာလာလာပနတို့ဖြစ်ပုံ၊ မျက်မှောက် တမလွန်၌ဖြစ်ကုန်သော ကာမ၊ ကာမ သညာတို့သည် မာရဇေယျ၊ မာရဝိသယ၊ မာရနိဝါပ၊ မာရဂေါစရတို့ဖြစ်ပုံ၊ ကာမတို့၌ ယုတ်မာသောအကုသိုလ်စိတ်ဖြစ်ကုန်သော အဘိဇ္ဈာ၊ ဗျာပါဒ၊ သာရမ္ဘတို့ ဖြစ်တတ်ပုံ၊ ယင်းကိလေသာသုံးပါးတို့သည် ဤသာသနာတော်၌ သိက္ခာသုံးပါးကို ဖြည့်ကျင့်နေသော အရိယာသာဝကအား အထက်မဂ်ဖိုလ်၏အန္တရာယ် ဖြစ်နိုင်ပုံ၊ ယင်းကာမလောကကို ဝိပုလ မဟဂ္ဂတစိတ်ဖြင့် လွှမ်းမိုး၍နေလျှင် အဘိဇ္ဈာ၊ ဗျာပါဒ၊ သာရမ္ဘဟူသော ကိလေသာတို့ မဖြစ်တော့ပုံ အစရှိသည်ဖြင့် အာနေဉ္စ သပ္ပါယပဋိပဒါသုံးမျိုး၊ အာကိဉ္စညာယတနပဋိပဒါသုံးမျိုး၊ နေဝသညာနာသညယတန သပ္ပါယပဋိပဒါ၊ ဩဃ နိတ္ထရဏဒေသနာ၊ အရိယဝိမောက္ခဒေသနာတို့ကို အကျယ်တဝင့် ဟောတော်မူပြီး၊ ဘုရားရှင်တို့၏ သာဝကတို့အား မိန့်ကြားတော်မူအပ်သော အနုသာသနီကထာကို ဟောတော်မူပါသည်။ အဋ္ဌကထာ၌ -ဤသုတ်ဝယ် ဩသက္ကနာဌာန ၇-ပါး၊ ပဋိသန္နိဌာန ၈-ပါး၊ အရဟတ္တဌာန ၉-ပါးတို့ကိုပေါင်း၍ ဟောလျှင် ပြည့်စုံစွာ ဟောသည်မည်၏-ဟု နိဂုံးချုပ်ဖွင့်ပြထားပါသည်။ [၁] [၂] ကိုးကား
|
Portal di Ensiklopedia Dunia