အာရညကသုတ်
[၁] (၁) အမှုသစ်၌ အားထုတ်မှုနည်းသော ကိစ္စနည်းသော မွေးမြူရလွယ်သော၊ အသက်၏အဆောက်အဦပစ္စည်းတို့၌ ရောင့်ရဲလွယ်သောရဟန်း၊ (၂) အစားအသောက်နည်းပါးပြီး ဝမ်းရေးအတွက် အားမထုတ်သောရဟန်း၊ (၃) အအိပ်နည်းပါးပြီး နိုးကြားမှုလုံ့လ အားထုတ်မှုရှိသောရဟန်း၊ (၄) အစွန်အဖျားတောရကျောင်း၌ နေသောရဟန်း၊ (၅) ကိလေသာမှထွက်မြောက်တိုင်းသောစိတ်ကို ဆင်ခြင်သောရဟန်း ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသောရဟန်းတော်သည် အာနာပါနဿတိသမာဓိကို ကြိမ်ဖန်များစွာ အလေ့အလာပြုသည်ရှိသော် မကြာမြင့်မီ အရဟတ္တဖိုလ်ကို ထိုးထွင်း၍ သိနိုင်၏-ဟု ဟောတော်မူသည့်သုတ်။ [၂] အရညကသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် တရားငါးမျိုးနှင့် ပြည့်စုံသော ရဟန်းသည် အာနာပါနဿတိကို ကြိမ်ဖန်များစွာ အလေ့အလာပြုသည်ရှိသော် မကြာမြင့်မီပင် အရဟတ္တဖိုလ်ကို ထိုးထွင်း၍ သိနိုင်ပုံကို ဟောကြားတော်မူခဲ့သည်။[၃] အရညကသုတ်ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် အာနာပါနဿတိကို ကြိမ်ဖန်များစွာ အလေ့အလာပြုသည်ရှိသော် မကြာမြင့်မီပင် အရဟတ္တဖိုလ်ကို ထိုးထွင်း၍ သိနိုင်၏။ အဘယ်ငါးမျိုးတို့နည်း ဟူမူ -
ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် အာနာပါနဿတိကို ကြိမ်ဖန်များစွာ အလေ့အလာပြုသည်ရှိသော် မကြာမြင့်မီပင် အရဟတ္တဖိုလ်ကို ထိုးထွင်း၍ သိနိုင်၏ဟု (မိန့်တော်မူ၏)။[၃] ကိုးကား
|
Portal di Ensiklopedia Dunia