အာရဒ္ဓဝီရိယသုတ်
(၅)သုတ် ရှိပါသည်။ [၁] (၁) ယုံကြည်မှု “သဒ္ဓါရှိသော အမျိုးသမီး၊ (၂) မကောင်းမှုမှရှက်မှု “ဟိရီရှိသော အမျိုးသမီး၊ (၃) မကောင်းမှုမှထိတ်လန့်ကြောက်ရွံ့မှု “ဩတ္တပ္ပရှိသော အမျိုးသမီး၊ (၄) (ကုသိုလ်ကောင်းမှု)အားထုတ်မှုလုံ့လဝီရိယရှိသော အမျိုးသမီး၊ (၅) အသိဉာဏ် ပညာရှိသော အမျိုးသမီး-ဤတရားငါးပါးတို့နှင့် ပြည့်စုံသောအမျိုးသမီးသည် ကွယ်လွန်ပြီးနောက် နတ်ပြည်သို့ရောက်ရ၏-ဟု ဟောတော်မူသည့်သုတ်။ [၂] အာရမ္ဘဓာတ်, နိက္ကမဓာတ်, ပရက္ကမဓာတ်-ဟူသော အာရဒ္ဓဝီရိယရှိသောသူအား မဖြစ်ပေါ်သေးသော ထိနမိဒ္ဓနီဝရဏမဖြစ်၊ ဖြစ်ပြီးသောထိနမိဒ္ဓနီဝရဏကိုလည်း ပယ်နိုင်၏။ မဖြစ်သေးသော ထိနမိဒ္ဓနီဝရဏ မဖြစ်ရန်၊ ဖြစ်ပြီးသော ထိနမိဒ္ဓနီဝရဏကို ပယ်ရန် အာရဒ္ဓဝီရိယမှတပါး အခြားတစ်ခုသောတရားကိုမျှ ငါဘုရားမြင်တော် မမူ-ဟု ဘုရားရှင် ဟောတော်မူသည့်သုတ်။ အဋ္ဌကထာ၌ -အာရမ္မဓာတ်အစရှိသော ဝီရိယအကြောင်းများကို ဖွင့်ပြ ထားပါသည်။ -မိလက္ခတိဿထေရ်၊ ဂါမန္တပဗ္ဘာရဝါသီ မဟာသီဝထေရ်၊ ပီတိမလ္လကထေရ်၊ ကုဋုမ္ဗိယပုတ္တတိဿထေရ်တို့ကို သာဓကအဖြစ်ညွှန်းထားပါသည်၊ ထိနမိဒ္ဓ ကင်းပျောက်ကြောင်းတရား ၆-ပါးတို့ကိုလည်း ဖွင့်ပြထားပါသည်။ [၃] အာရဒ္ဓဝီရိယ (သမ္မပ္ပဓာန်ဝီရိယ)ရှိသောသူအား မဖြစ်သေးသောကုသိုလ် တရားတို့ ဖြစ်ကုန်၏၊ ဖြစ်ပြီးသောအကုသိုလ်တရားတို့ ဆုတ်ယုတ်ပျက်စီးကုန်၏၊ မဖြစ်သေးသောကုသိုလ်တို့ ဖြစ်ရန်၊ ဖြစ်ပြီးသောအကုသိုလ်တရားတို့ ဆုတ်ယုတ်ပျက်စီးရန် အာရဒ္ဓဝီရိယမှတပါး အခြားတစ်ခုသောတရားကိုမျှ ငါးဘုရားမြင်တော်မမူဟု ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၄] ဓမ္မကို မကောင်းသဖြင့် ဟောကြားအပ်သော တိတ္ထိတို့၏သာသနာ၌ ထက်သန်သော လုံ့လ မရှိသူသည် ချမ်းသာစွာနေရ၏-ဟု ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၅] ကိုးကား
|
Portal di Ensiklopedia Dunia