အာသဝက္ခယသုတ်
(၈)သုတ် ရှိပါသည်။ [၁] သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ-ဟူသော ဣန္ဒြေငါးပါးကိုပွားများခြင်း ကြိမ်ဖန်များစွာ အလေ့အလာပြုခြင်းကြောင့် အာသဝေါတရားများ ကုန်ခမ်းပြီး အနာသဝ စေတောဝိမုတ္တိ, ပညာဝိမုတ္တိဖြစ်သည့် အရဟတ္တဖိုလ်ကို မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင်သိရှိ မျက်မှောက်ပြု၍ နေနိုင်၏-ဟု ဟောတော်မူသည့်သုတ်။ [၂] အထက်သုတ်ပါ ဣန္ဒြေငါးပါးတို့ကို ပွားများအပ်, ကြိမ်ဖန်များစွာ အလေ့ အလာပြုအပ်သည်ရှိသော် သံယောဇဉ်တို့ကို ပယ်စွန့်ရန်၊ အနုသယတို့ကို အကြွင်းမဲ့ ပယ်ခွါရန်၊ သံသရာခရီးကို ပိုင်းခြား၍ သိနိုင်ရန်၊ အာသဝေါတရားတို့ ကုန်ခမ်းရန် ဖြစ်ကုန်၏-ဟု ဟောတော်မူသည့်သုတ်။ [၃] သတိပဋ္ဌာန်လေးပါးကို ပွားများခြင်း၊ ကြိမ်ဖန်များစွာ အလေ့အလာပြုခြင်း အာသဝေါတရားတို့ ကုန်ခမ်းခြင်းကြောင့် အနာသဝ စေတောဝိမုတ္တိ, ပညာဝိမုတ္တိကို မျက်မှောက်ဘဝမှာပင် ကိုယ်တိုင်သိရှိ မျက်မှောက်ပြု၍ နေနိုင်၏-ဟု အရှင်အနုရုဒ္ဓါက သမ္ဗဟုလရဟန်းတို့အား ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ ဟောတော်မူသည့်သုတ်။ [၄] အာနာပါနဿတိသမာဓိကို ပွားများခြင်းသည် အာသဝေါတရားတို့ ကုန်ခမ်းရန် ဖြစ်၏-ဟု အာနာပါနဿတိသမာဓိ ပွားများပုံကို ဟောတော်မူသည့်သုတ်။ [၅] သစ္စာလေးပါးကိုသိမြင်သောသူအား အာသဝေါတရားတို့ ကုန်ခြင်းကို ဟောတော်မူ၏၊ သစ္စာလေးပါးကို သိမြင်အောင် အားထုတ်ကြရမည်-ဟု ဟောတော်မူသည့်သုတ်။ [၆] (၁) ကာယေ အသုဘာနုပဿီ၊ (၂) အာဟာရေ ပဋိကူလသညီ၊ (၃) သဗ္ဗလောကေ အနဘိရတသညီ၊ (၄) သဗ္ဗသင်္ခါရေသု အနိစ္စာနုပဿီ၊ (၅) အဇ္ဈတ္တံ မရဏသညာ သုပဋ္ဌိတာ-ဟူသော တရားငါးပါးကို ပွားများ, ကြိမ်ဖန်များစွာ အလေ့အလာပြုသည် ရှိသော် အာသဝေါတရားတို့ ကုန်ခမ်းရန် ဖြစ်ကုန်၏-ဟု ဟောတော်မူသည့်သုတ်။ [၇] မဂ္ဂင်ရှစ်ပါး၊ သမ္မာဉာဏ၊ သမ္မာဝိမုတ္တိ-ဟူသော တရား ၁၀-ပါးကို ပွားများ, ကြိမ်ဖန်များစွာ ပွားများသည်ရှိသော် အာသဝေါတရားတို့ ကုန်ခမ်းရန် ဖြစ်ကုန်၏ဟု ဟောတော်မူသည့်သုတ်။ [၈] သစ္စာလေးပါးကို သိမြင်သောရဟန်းအား အာသဝေါတရားတို့ ကုန်ခမ်းခြင်းကို ဘုရားရှင် ဟောတော်မူ၏-ဟု ခုဇ္ဇုတ္တရာက သာမာဝတီအမှူးရှိသော မိဖုရား ငါးရာတို့အား ပြန်လည်ဟောပြသည့်သုတ်။ [၉] အာသဝက္ခယသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် တရားငါးမျိုးတို့ကို ပွားများအပ် ကြိမ်ဖန်များစွာ အာသဝေါတရားတို့ ကုန်ခြင်းငှါ ဖြစ်ကြောင်းကို ဟောကြားတော်မူခဲ့သည်။[၁၀] အာသဝက္ခယသုတ်ရဟန်းတို့ ဤတရားငါးမျိုးတို့ကို ပွားများအပ် ကြိမ်ဖန်များစွာ ပြုအပ်ကုန်သည်ရှိသော် အာသဝေါတရားတို့၏ ကုန်ခြင်းငှါ ဖြစ်ကုန်၏။ အဘယ်တရားငါးမျိုးတို့နည်း ဟူမူ -
ရဟန်းတို့ ဤတရားငါးမျိုးတို့ကို ပွားများအပ် ကြိမ်ဖန်များစွာ ပြုအပ်ကုန်သည်ရှိသော် အာသဝေါတရားတို့၏ ကုန်ခြင်းငှါ ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။[၁၀]
ကိုးကား
|
Portal di Ensiklopedia Dunia