အာသဝသုတ်
(၆)သုတ် ရှိပါသည်။ [၁] ကာမာသဝ၊ ဘဝါသဝ၊ အဝိဇ္ဇာသဝ-ဟူသော အာသဝေါတရားသုံးပါးတို့ကို ထူးသောဉာဏ်ဖြင့် သိရန်၊ ပိုင်းခြား၍ သိရန်၊ ကုန်စေရန်၊ ပယ်စွန့်ရန် အဋ္ဌင်္ဂိကမဂ်ကို ပွားများရမည် အစရှိသည်ဖြင့် ပွားများပုံအကျယ်ကို ဟောတော်မူသည့်သုတ်။ [၂] အထက်သုတ်ပါ အာသဝေါတရားသုံးပါးတို့ကို ပယ်စွန့်ရန် သတိပဋ္ဌာန် လေးပါးတို့ကို ပွားများရမည် အစရှိသည်ဖြင့် ပွားများပုံအကျယ်ကို ဟောတော်မူသည့်သုတ်။ [၃] (၁) စောင့်ရှောက်မှု၊ (၂) မှီဝဲမှု၊ (၃) သည်းခံမှု၊ (၄) ရှောင်ကြဉ်မှု၊ (၅) ပယ်ဖျောက်မှု၊ (၆) ပွားများမှု-ဟူသော အာသဝေါတရားတို့ကိုပယ်ရမည့်တရား ၆-မျိုးတို့ဖြင့် အာသဝေါတရားတို့ကို ပယ်ပြီးသောရဟန်းတော်သည် အာဟုနေယျ အစရှိသော အကျိုးဂုဏ်ငါးပါးကို ရရှိနိုင်၏-အစရှိသည်ဖြင့် တစ်ပါးစီ တစ်ပါးစီကို အကျယ်ဝေဖန်၍ ဟောတော်မူသည့်သုတ်။ [၄] ဒုစရိုက် ၁၀-ပါးသည် သာသဝဓမ္မ၊ ဒုစရိုက် ၁၀-ပါးမှ ရှောင်ကြဉ်မှုသည် အနာသဝဓမ္မဖြစ်ပုံကို ကဏှပက္ခ, သုက္ကပက္ခနည်းဖြင့် ဟောတော်မူသည့်သုတ်။ [၅] သမာဓိ၊ သမ္ပဇဉ်၊ သတိရှိသော ဗုဒ္ဓသာဝကသည် အာသဝ၊ အာသဝသမုဒယ၊ အာသဝနိရောဓ၊ အာသဝနိရောဓဂါမိနီပဋိပဒါကို ပိုင်းခြား၍ သိ၏၊ အာသဝေါတရား တို့ကုန်ခြင်းကြောင့် တဏှာကင်းသည်ဖြစ်၍ ပရိနိဗ္ဗာန်ဝင်စံရ၏-ဟု ဘုရားရှင် ထံတော်မှကြားနာခဲ့ရသည့်တရားတော်ကို ခုဇ္ဇုတ္တရာက သာမာဝတီအမှူးရှိသော မိဖုရားငါးရာတို့အား ပြန်လည်ဟောကြားသည့်သုတ်။ [၆] ကာမ၊ ဘဝ၊ အဝိဇ္ဇာ-ဟူသော အာသဝေါတရားသုံးပါးကုန်ပြီးသော ကိလေသာတို့မှ လွတ်မြောက်ပြီးသောပုဂ္ဂိုလ်သည် စစ်သည်နှင့်တကွ မာရ်နတ်ကိုအောင်မြင်၍ အဆုံးစွန်သောအတ္တဘောကို ဆောင်၏-ဟု ဘုရားရှင်ထံတော်မှ ကြားနာခဲ့ရကြောင်းကို ခုဇ္ဇုတ္တရာက သာမာဝတီအမှူးရှိသော မိဖုရားငါးရားတို့အား ပြန်လည် ဟောပြသည့်သုတ်။ [၇] ကိုးကား
|
Portal di Ensiklopedia Dunia