အာဟာရသုတ်
(၂)သုတ် ရှိပါသည်။ [၁] ဖြစ်ပြီးသတ္တဝါတို့ တည်တံ့ရန်၊ ဖြစ်ဆဲသတ္တဝါတို့ တည်တံ့ဖြစ်ပွားရန် အာဟာရ လေးပါးရှိပုံ၊ အာဟာရ၏အကြောင်းသည် တဏှာ၊ တဏှာ၏အကြောင်းသည် ဝေဒနာ အစရှိသည်ဖြင့် အဝိဇ္ဇာတိုင်အောင် အကျိုးတရား၏အကြောင်းများကိုလည်းကောင်း၊ အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်သည် အစရှိသည်ဖြင့် အကြောင်းတရားများ၏ အကျိုးတရားများကိုလည်းကောင်း အနုလောမ, ပဋိလောမ အပြန်အလှန်ဖြစ်နေပုံကို ဟောတော်မူသည့်သုတ်။ အဋ္ဌကထာ၌ -ဘူတာနှင့် သမ္ဘဝေသီ၊ အာဟာရအမျိုးမျိုး၊ အာဟာရနှင့် ဆက်စပ်နေသော သိမှတ်ဖွယ်ရာများ၊ ဒေသနာတော်၏ ပရိပုဏ္ဏဒေသနာတော်ဖြစ်ပုံ အစပ်သုံးစပ် အလွှာလေးလွှာပါဝင်ပုံကို ဖွင့်ပြထားပါသည်။ [၂] မဖြစ်သေးသော နီဝရဏငါးပါးနှင့် ဗောဇ္ဈင်ခုနစ်ပါးတို့ဖြစ်ပေါ်လာရန်၊ ဖြစ်ပြီးသော နီဝရဏငါးပါးနှင့် ဗောဇ္ဈင်ခုနှစ်ပါးတို့တိုးပွားစေနိုင်သော အကြောင်းတရားများ၊ အကြောင်းမဟုတ်သောတရားများကို နီဝရဏတစ်ပါးစီ၊ ဗောဇ္ဈင်တစ်ပါးစီ တစ်ပါးစီ အကျယ်ဝေဖန်၍ ဟောတော်မူသည့်သုတ်။ အဋ္ဌကထာ၌ -ပါဠိတော်နည်းမှတပါး (၁)သတိသမ္ဗောဇ္ဈင်ဖြစ်ကြောင်း တရားလေးပါး၊ (၂)ဓမ္မဝိစယသမ္ဗောဇ္ဈင်ဖြစ်ကြောင်း တရားခုနစ်ပါး၊ နည်းယူဖွယ်ဝတ္ထု၊ သဒ္ဓါနှင့် ပညာ၊ သမာဓိနှင့် ဝီရိယတို့ ညီမျှသင့်ပုံ၊ သတိ၏ အရေးကြီးပုံ၊ (၃)ဝီရိယ သမ္ဗောဇ္ဈင်ဖြစ်ကြောင်းတရား တဆဲ့တစ်ပါး၊ မဟာမိတ္တထေရ်ဝတ္ထု၊ (၄)ပီတိသမ္ဗောဇ္ဈင် ဖြစ်ကြောင်းတရား ဆယ်ပါး၊ (၅)ပဿဒ္ဓိသမ္ဗောဇ္ဈင်ဖြစ်ကြောင်းတရား ခုနစ်ပါး၊ (၆)သမာဓိသမ္ဗောဇ္ဈင်ဖြစ်ကြောင်းတရား ဆယ်ပါး၊ (၇)ဥပေက္ခာသမ္ဗောဇ္ဈင်ဖြစ်ကြောင်း တရား ငါးပါး၊ နီဝရဏကိုပယ်ကြောင်းတရား ၆-ပါးစီတို့ကို အကျယ်တဝင့် ဖွင့်ပြပြီး၊ ဒေသနာတော်အဆုံး၌ ရဟန်းတော်ငါးရာတို့ အရဟတ္တဖိုလ်ရောက်ရှိပုံကို ဖွင့်ပြထားပါသည်။ [၃] ကိုးကား
|
Portal di Ensiklopedia Dunia