အဿဒ္ဓသုတ်
(၂)သုတ် ရှိပါသည်။ [၁] သူယုတ်မာ၊ သူယုတ်မာထက် သူယုတ်မာ၊ သူတော်ကောင်း၊ သူတော်ကောင်း ထက် သူတော်ကောင်း-ဟူသော ပုဂ္ဂိုလ်လေးမျိုးကို အကျယ်ဟောတော်မူသည့်သုတ်။ [၂] အဿဒ္ဓ၊ အဟိရိက၊ အနောတ္တပ္ပ၊ ကုသီတ၊ ဒုပ္ပည-ဟူသော တရားဆိုး ငါးမျိုး နှင့် ပြည့်စုံသော မထေရ်ကို သီးတင်းသုံးဖော်တို့ မချစ်ခင်ကြ၊ မမြတ်နိုးကြ၊ မလေးစား ကြ၊ စိတ်နှလုံးကို မတိုးပွားစေသူဖြစ်ပုံနှင့် သဒ္ဓါ၊ ဟိရီ၊ ဩတ္တပ္ပ၊ အာရဒ္ဓဝီရိယ၊ ပညာတို့နှင့် ပြည့်စုံသောထေရ်ကြီးကို သီတင်းသုံးဖော်တို့ ချစ်ခင်ကြ၊ မြတ်နိုးကြ၊ လေးစားကြ၊ စိတ်နှလုံးကို တိုးပွားစေသူဖြစ်ပုံကို ကဏှပက္ခ, သုက္ကပက္ခအားဖြင့် ဟောတော်မူသည့်သုတ်။ [၃] အဿဒ္ဓသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် သီတင်းသုံးဖော်တို့၏ မချစ်အပ်သူ မမြတ်နိုးအပ်သူ အလေးအမြတ် မပြုအပ်သူ (နှလုံးကို) မပွားစေတတ်သူ မထေရ်ရဟန်း ပြည့်စုံသောတရားငါးမျိုးနှင့် သီတင်းသုံးဖာ်တို့၏ ချစ်အပ်သူ မြတ်နိုးအပ်သူ အလေးအမြတ်ပြုအပ်သူ (နှလုံးကို) ပွားစေတတ်သူ မထေရ်ရဟန်း ပြည့်စုံသောတရားငါးမျိုးတို့ကို ဟောကြားတော်မူခဲ့သည်။[၄] ကိုးကား
|
Portal di Ensiklopedia Dunia