အဿလာယနသုတ်

ကောသလနိုင်ငံ သာဝတ္ထိမြို့တော်၌ ရောက်နေကြသော နိုင်ငံခြားသား ပုဏ္ဏား ငါးရာတို့၏ အတင်းအကြပ်တိုက်တွန်းချက်ကြောင့် “စာတုဝဏ္ဏသုဒ္ဓိ” ပြဿနာတင်ရန် ရောက်လာသောဗြာဟ္မဏဝါဒ၌ ပညာတတ် အထက်မြက်ဆုံးဟုဆိုနိုင်သော အဿလာယနလုလင်အား “ဗြာဟ္မဏောဝ သေဋ္ဌော ဝဏ္ဏော” အစရှိသော ဗြာဟ္မဏတို့၏ အယူဝါဒလေးချက်၏ မမှန်ကန်ပုံ၊ (၁) ဗြာဟ္မဏလူမျိုးတို့သည် ပုဏ္ဏေးမများဝမ်းမှ မွေးဖွားလာကြပုံ၊ (၂) ယောနကတိုင်းနှင့် ကမ္ဗောဇတိုင်းတို့၌ အရှင်သခင်နှင့် ကျွန်ထုံးစံ၊ (၃) အမျိုးလေးပါးတို့ ဒုစရိုက်လုပ်ငန်းများ ပြုကျင့်ပြောဆိုခြင်းကြောင့် အပြစ်ရပုံ၊ (၄) သုစရိုက်ဆယ်ပါးကို ကျင့်သုံးခြင်းကြောင့် အကျိုးခံစားကြရပုံ၊ (၅) မေတ္တာဘာဝနာ ပွားများမှု၊ (၆) ဆပ်ပြာဖြင့် ရေချိုးခြင်း၊ (၇) လူမျိုးအသီးသီးတို့ မီးပွတ်သစ်သားအမျိုး မျိုးမှ ဖြစ်ပေါ်လာသောမီးတို့၏ ခြားနားမှုမရှိပုံ၊ (၈) လူမျိုးအသီးသီးတို့ ရောယှက် နိုင်ပုံ၊ (၉) မြင်းမနှင့် မြည်းတို့ မျိုးစပ်ပုံ၊ (၁၀) တဝမ်းတည်းမှမွေးဖွားလာသည့် ညီအစ်ကို နှစ်ယောက်အကြောင်း၊ (၁၁) ပဌမအမျိုးဇာတ်၊ ဒုတိယအတတ်ပညာ၊ တတိယအကျင့်၊ အကျင့်ကိုလိုက်၍ အမျိုးလေးပါးတို့ (သံသရာမှ)စင်ကြယ်ပုံ၊ (၁၂) ရှေးကပုဏ္ဏားမျိုး ရသေ့တို့ ဗြာဟ္မဏဝါဒလေးချက်ဖြစ်သော မိစ္ဆာအယူကို ဖြစ်စေကြပုံ၊ (၁၃) အသိတဒေဝလရသေ့က ပဋိသန္ဓေနေသည့်ပြဿနာဖြင့် မိစ္ဆာအယူကို ဖျောက်ဖျက်ခဲ့ပုံ၊ (၁၄) သင့်ဆရာနှင့်တကွသော သင်သည် ထိုခုနစ်ယောက်သော ပုဏ္ဏားမျိုးရသေ့တို့၏ ယောက်မကိုင်ပုဏ္ဏားလုလင်ကိုပင် မမီသေးဟု မိန့်တော်မူပုံ၊ (၁၅) အဿလာယန ပုဏ္ဏား ဥပါသကာအဖြစ် ခံယူပုံကို ဟောတော်မူသည့်သုတ်။ [] []

ကိုးကား

  1. -မ၊၂၊၃၅၄-၃၆၄။ မ၊မြန်၊၂၊ ၃၅၈-၃၆၇။ မ၊ဋ္ဌ၊၃၊၂၇၈-၂၈၁။ မ၊ဋီ၊၃၊၁၈၅-၈။ -မဇ္ဈိမနိကာယ၊ မဇ္ဈိမပဏ္ဏာသ၊ ၅-ဗြာဟ္မဏဝဂ္ဂ၊ တတိယသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya