ဣတိဝုတ်ပါဠိတော်
ဣတိဝုတ်ပါဠိတော်သည် ထေရဝါဒဗုဒ္ဓဘာသာ၏ ခုဒ္ဒကနိကာယ်တွင် ပါဝင်သော အရေးပါသော ကျမ်းတစ်ကျမ်းဖြစ်သည်။ "ဣတိဝုတ္တက" ဟူသော စကားလုံးသည် "ဤသို့ ဆိုအပ်သည်" ဟု အဓိပ္ပာယ်ရသည်။ ဤကျမ်းတွင် မြတ်စွာဘုရားရှင်က မိန့်ကြားတော်မူခဲ့သော တရားတော်များကို အတိုချုပ်၍ ပြန်လည်ဖော်ပြထားသည်။ “ဣတိဝုတ္တံ”[၁]ဟူ၍ သံဂါယနာတင်အပ်သော ပါဠိတော်၊ ဣတိဝုတ်ပါဠိတော်။ (ဝုတ္တံ ဟေတံ ဘဂဝတာ ဝုတ္တမရဟတာတိ မေ သုတံ အစချီကာ ဟောထားအပ်သော သုတ်ပေါင်း ၁၁၂-သုတ်ကို ဧကကနိပါတ်, ဒုကနိပါတ် တိကနိပါတ် စတုက္ကနိပါတ်ဟု လေးမျိုးခွဲ၍ သင်္ဂါယနာ တင်ထားအပ်သော ပါဠိတော်တည်း။ ၎င်း ပါဠိတော်သည် သုတ္တဂေယျ, ဝေယျာကရဏ စသည်ဖြင့် ကိုးပါးသော အင်္ဂါရှိသော မြတ်စွာဘုရားတရားတော်တို့တွင် ဣတိဝုတ္တက မည်သော အင်္ဂါတစ်ပါးအဖြစ်ဖြင့် ပါဝင်သော ကျမ်းတကျမ်းဖြစ်၏။) [၂] သုတ်တော်တွေရဲ့ ဖွဲ့စည်းပုံ“ဒီဒေသနာကို ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်၊ (. . .) ဒီအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏၊ ထိုသုတ်၌ ဒီအနက်သဘောကို - (. . .) ဟု ဒီဂါထာဖြင့် ဆိုအပ်၏။ ဒီအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ်ကြားနာခဲ့ရပါသည်”။ နမူနာသုတ်များ“ဒီဒေသနာကို ဘုန်းတော်ကြီးသောမြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရားဟောတော်မူ၏ဟု အကျွန်ုပ်ကြားနာခဲ့ရပါသည်၊ ရဟန်းတို့ ! တစ်ခုသောတရားကို ကျူးလွန်၍တည်သော ပုဂ္ဂိုလ်အား တစ်စုံတစ်ရာသော မကောင်းမှုကို မပြုလုပ်ဟူ၍ ငါဘုရားမဟော၊ တစ်ခုသောတရားဟူသည် အဘယ်နည်း၊ ရဟန်းတို့ ! ယင်းတစ်ခုသောတရားဟူသည် သိလျက်ချွတ်ယွင်းသောစကားကို ပြောဆိုမှု ‘မုသာဝါဒ’ တရားပင်တည်း။ ဒီအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏၊ ထိုသုတ်၌ ဒီအနက်သဘောကို - “တမလွန်လောကကို စွန့်လွှတ်ပြီးသော တစ်ခုသောတရားကို လွန်ကျူးသော၊ မုသားပြောဆိုလေ့ရှိသောပုဂ္ဂိုလ်အား မည်သည့်မကောင်းမှုကိုမျှ မပြုလုပ်နိုင်ဟူ၍ မရှိတော့ပေ” ဟု ဤဂါထာဖြင့် ဆိုအပ်၏။ ဒီအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ်ကြားနာခဲ့ရပါသည်။[၃] ကိုးကား
|
Portal di Ensiklopedia Dunia