ဣန္ဒြိယဘာဝနာသုတ်
ဂဇင်္ဂလနိဂုံး သုဝေဠုတောအုပ်ဝယ် ဘုရားရှင်သီတင်းသုံးတော်မူစဉ် အနီးသို့ ရောက်လာသော ပါရာသိဝိယဗြာဟ္မဏ၏တပည့် ဥတ္တရလုလင်၏ ပါရာသိဝိယဗြာဟ္မဏ၏ ဣန္ဒြိယဘာဝနာနှင့် ဆက်စပ်၍ လျှောက်ထားမှုကို ပယ်တော်မူပြီး အရှင်အာနန္ဒာထေရ်၏လျှောက်ထားချက်အရ ပါရာသိဝိယဗြာဟ္မဏ၏ ဣန္ဒြိယဘာဝနာနှင့် မတူသော အရိယသာသနာတော်၏ အတုမရှိသောဣန္ဒြိယဘာဝနာကို ဟောတော်မူသည်။ ။ စက္ခုဝိညာဏ်ဖြင့်သိအပ်သော ရူပါရုံ၊ သောတဝိညာဏ်ဖြင့်သိအပ်သော သဒ္ဒါရုံ၊ ဃာနဝိညာဏ်ဖြင့်သိအပ်သော ဂန္ဓာရုံ၊ ဇိဝှါဝိညာဏ်ဖြင့်သိအပ်သော ရသာရုံ၊ ကာယဝိညာဏ်ဖြင့်သိအပ်သော ဖောဋ္ဌဗ္ဗာရုံ၊ မနောဝိညာဏ်ဖြင့်သိအပ်သော ဓမ္မာရုံတို့၌ ဥပမာအသီးအသီးတို့ဖြင့် အနုတ္တရဣန္ဒြိယဘာဝနာဖြစ်ပုံ၊ ယင်းအာရုံတို့ကို သိရာဝယ် သေခပဋိပဒါဖြစ်ပုံ၊ သတိသမ္ပဇဉ်ဖြင့် ဝိပဿနုပေက္ခာဖြစ်ပုံ၊ အရိယဘာဝိတိန္ဒိယ ဖြစ်ပုံ၊ ဗုဒ္ဓအနုသာသနီကို မိန့်တော်မူပုံကို ဟောတော်မူသည့်သုတ်။ [၁] [၂] ကိုးကား
|
Portal di Ensiklopedia Dunia