ဥက္ကစေလသုတ်
[၁] အရှင်သာရိပုတ္တရာ, အရှင်မဟာမောဂ္ဂလ္လာန်-ဟူသော အဂ္ဂသာဝကမထေရ် နှစ်ပါးတို့ ပရိနိဗ္ဗာန်စံယူကြပြီး၍ မကြာမြင့်မီ ဝဇ္ဇီနိုင်ငံ ဥက္ကစေလမြို့အနီး ဂင်္ဂါမြစ်၏ သဲသောင်ပြင်ပေါ်ဝယ် သီတင်းသုံးတော်မူစဉ် တိတ်ဆိတ်ငြိမ်သက်စွာထိုင်နေကြသော ပရိသတ်ကို စောင်းငဲ့၍ကြည့်ရှုတော်မူလျက် အဂ္ဂသာဝကမထေရ်နှစ်ပါး၏ ဂုဏ်ကျေးဇူးကို မိန့်ကြားတော်မူပါသည်၊ အဂ္ဂသာဝကမထေရ်နှစ်ပါးတို့ ပရိနိဗ္ဗာန်ဝင်စံတော်မူ ငြားသော်လည်း ဘုရားရှင်၌ သောက, ပရိဒေဝ-ဖြစ်တော်မမူပုံကို ဥပမာဖြင့် မိန့်ကြားတော်မူ၍ သတိပဋ္ဌာန်လေးပါး ပွားများသောရဟန်းသည် အတ္တဒီပ, အတ္တသရဏ, အနညသရဏ, ဓမ္မဒီပ, ဓမ္မသရဏ, အနညသရဏ-ဖြစ်ပုံကိုလည်းကောင်း, ငါဘုရား သက်တော်ထင်ရှားရှိတော်မူစဉ် ဖြစ်စေ, ရွှေပြည်နိဗ္ဗာန်ဝင်စံတော်မူပြီးရာအခါ၌ ဖြစ်စေ သတိပဋ္ဌာန်တရားလေးပါးကို ပွားများသဖြင့် အတ္တဒီပ-စသည် ဖြစ်နေသောရဟန်းသည် “သိက္ခာကာမရဟန်းတို့တွင် အသာလွန်ဆုံးဖြစ်ပုံကို ဟောတော်မူသည့်သုတ်။ [၂] ကိုးကား
|
Portal di Ensiklopedia Dunia