ဥပနီယသုတ်
“သတ္တဝါတို့၏ အသက်ကို ဇရာသည် မရဏ၏အနီးသို့ဆောင်အပ်ပေ၏။ သတ္တဝါတို့၏ အသက်ရှင်နေရခြင်းသည် အလွန်တိုတောင်းလှချေ၏၊ ဇရာသည် မရဏသို့ အသက်ကိုဆောင်သည်ရှိသော် မရဏသို့မရောက်အောင် ကာကွယ်စောင့်ရှောက်မည့် အားကိုးစရာတစုံတစ်ယောက်မျှ မရှိပေ၊ အသက်ကို မရဏသို့ဆောင်ခြင်း၊ အသက်ရှည်ခြင်း၏ တိုတောင်းလှခြင်း၊ အသက်ကို ကာကွယ်စောင့်ရှောက်နိုင်မည့်ပုဂ္ဂိုလ် မရှိခြင်း-ဟူသော ဤဘေးသုံးမျိုးကို သေရခြင်း၌ရှုကြည့်လျက် ကပ္ပါပေါင်းများစွာ အသက်ရှည်သော ဗြဟ္မာဘုံသို့ ရောက်ကြောင်းချမ်းသာကို ဆောင်နိုင်ကုန်သော ကောင်းမှုတို့ကို ပြုရမည်”ဟု လျှောက်ထားလာသော အညတရနတ်သား၏ လျှောက်ထားချက် ဝဋ္ဋကထာကို ဘုရားရှင်က နိဗ္ဗာန်ရှုငဲ့လျက် လောက၌တဏှာဖြင့် သုံးသပ်အပ်သော ပစ္စည်းလေးဝ “လောကာမိသကို စွန့်လွှတ်ရမည်ဟု ဝိဝဋ္ဋကထာဖြင့် ပယ်ရှား၍ ဟောတော်မူသည့်သုတ်။ အဋ္ဌကထာ/ဋီကာတို့၌-မှတ်သားဖွယ်များကို လေ့လာနိုင်ပါသည်။ [၁] [၂] ကိုးကား
|
Portal di Ensiklopedia Dunia