ဥပါဒါနပရိပဝတ္တသုတ်
[၁] ဥပါဒါနက္ခန္ဓာငါးပါးနှင့် ဥပါဒါနက္ခန္ဓာငါးပါးတို့ကို သစ္စာလေးပါးဖြင့် တစ်ပါးစီ တစ်ပါးစီ ပြန်လှန်၍ မသိသေးသမျှ ဩကာသလောက, သတ္တလောက၌ သဗ္ဗညုတဉာဏ်ကို ထိုးထွင်း၍ သိပြီ-ဟု ဝန်ခံတော်မမူခဲ့ပုံ၊ အမှန်အတိုင်း ထိုးထွင်း၍ သိတော် မူသည့်အခါ သဗ္ဗညုတဉာဏ်ကို ထိုးထွင်း၍ သိပြီ-ဟု ဝန်ခံတော်မူပုံ၊ ယင်းဥပါဒါနက္ခန္ဓာငါးပါးတို့၌ သစ္စာလေးပါးဖြင့် သိမြင်ခြင်းကြောင့် ငြီးငွေ့ခြင်း, တပ်မက်မှုကင်းခြင်း, ချုပ်ငြိမ်းခြင်းငှာကျင့်သော သမဏ, ဗြာဟ္မဏတို့သာ သုပ္ပဋိပန္နဖြစ်ကြပုံ၊ ဤ ဓမ္မဝိနယသာသနာတော်၌ ထောက်တည်ရာ ရကြပုံ၊ ဥပါဒါနက္ခန္ဓာငါးပါးတို့၌ သစ္စာလေးပါးတို့ဖြင့်သိ၍ ငြီးငွေ့ခြင်း, စွဲမက်မှုမရှိခြင်း, ချုပ်ငြိမ်းခြင်းကြောင့် စွဲလမ်းမှုမရှိတော့ပဲ ကိလေသာတို့မှ လွတ်မြောက်သူတို့သည်သာ ကိစ္စအားလုံးပြီးစီးပုံ, ဝဋ်ဆင်းရဲ မရှိတော့ပုံကို ခန္ဓာတစ်ပါးစီ အကျယ်ဝေဖန်၍ ဟောတော်မူသည့်သုတ်။ [၂] ကိုးကား
|
Portal di Ensiklopedia Dunia